DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

Main menu

(၂၈-၀၃-၂၀၂၄):ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်းတွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပြီး၊ ကပ္ပလီပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပါသည်။

၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလပတ်အတွက် မိုးလေဝသခန့်မှန်းချက်

၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ လပတ်အတွက် မိုးလေဝသခန့်မှန်းချက်

ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ

ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်း(၂)ကြိမ်ဖြစ်ပေါ်နိုင်ပြီး၊

(၁)ကြိမ်တွင် ပိုမို အားကောင်းလာကာ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်ပါသည်။

ကပ္ပလီပင်လယ်ပြင်နှင့်ဘင်္ဂလား ပင်လယ်အော်တောင်ပိုင်းတို့တွင် တိမ်အသင့်အတင့်မှ

တိမ်ထူထပ်နိုင်ပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနိုင်ပါသည်။

မိုးအခြေအနေနှင့် မိုးရွာရက်

တနင်္သာရီတိုင်းဒေသကြီးတွင် ရွာသွန်းမြဲထက်ပိုနိုင်ပြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊

ချင်းပြည်နယ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)တို့တွင် ရွာသွန်းမြဲအောက်နှင့် ကျန်တိုင်းဒေသကြီးနှင့်

ပြည်နယ်တို့တွင် ရွာသွန်းမြဲခန့်မိုးအနည်းငယ် ရွာနိုင်ပါသည်။ တနင်္သာရီတိုင်းဒေသကြီးတွင်(၆)ရက်မှ

(၈)ရက်ခန့်နှင့်ကျန်တိုင်းဒေသ ကြီးနှင့်ပြည်နယ်တို့တွင် (၃)ရက်မှ (၅)ရက်ခန့် မိုးအနည်းငယ် ရွာနိုင်ပါသည်။

ညအပူချိန်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)နှင့် ချင်းပြည်နယ်တို့တွင်

ဒီဇင်ဘာလ၏ပျမ်းမျှအပူချိန်တို့ထက် ပိုနိုင်ပြီး၊ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင်

ဒီဇင်ဘာလ၏ ပျမ်းမျှအပူချိန်ခန့်သာရှိနိုင်ပါသည်။

မြူအခြေအနေ

စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်နှင့်

ကယားပြည်နယ်တို့တွင်(၁၆)ရက်မှ (၂၅)ရက်ခန့်၊ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင်

(၇)ရက်မှ (၁၅) ရက်ခန့် နံနက်ပိုင်းတွင်မြူထူများဆိုင်းနိုင်ပါသည်။