DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

Main menu

၁၇-၆-၂၀၂၅: ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်း၊ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းနှင့် အရှေ့အလယ်ပိုင်းတို့တွင် မုတ်သုံလေ အားကောင်းရာမှ အားအလွန်ကောင်းနေပြီး၊ ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းနှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားကောင်းနေပါသည်။

 

ဆောင်းရာသီကာလယေဘုယျမြစ်ရေအခြေအနေခန့်မှန်းချက်

၂၀၁၆-၂၀၁၇ခုနှစ်၊ ဆောင်းရာသီကာလ ယေဘုယျ မြစ်ရေအခြေအနေခန့်မှန်းချက်

(၂၈-၁၀-၂၀၁၆ရက်နေ့ထုတ်ပြန်သည်)

                  ယေဘုယျအားဖြင့် ဆောင်းရာသီကာလအတွင်း ဧရာဝတီမြစ်ရေသည်  မြစ်ကြီးနားမြို့၊ ဗန်းမော်မြို့၊ ရွှေကူမြို့ နှင့် ကသာမြို့တို့တွင် ၅-ပေမှ ၇-ပေခန့်၊ သပိတ်ကျင်းမြို့၊ မန္တလေးမြို့၊ စစ်ကိုင်းမြို့၊ မြင်းမူမြို့၊ ပခုက္ကူမြို့၊ ညောင်ဦးမြို့၊ ချောက်မြို့၊မင်းဘူးမြို့နှင့်မကွေးမြို့တို့တွင်၉-ပေမှ ၁၂-ပေခန့်၊အောင်လံမြို့၊ပြည်မြို့၊ ဆိပ်သာမြို့၊ ဟင်္သာတမြို့နှင့် ဇလွန်မြို့တို့တွင်  ၁၄-ပေမှ ၁၆-ပေ ခန့်ကျဆင်းနိုင်ပါသည်။

                 ေယဘုယျအားဖြင့် ဆောင်းရာသီကာလအတွင်း ချင်းတွင်းမြစ်ရေသည်  ခန္တီးမြို့၊ ဟုမ္မလင်းမြို့ နှင့် ဖောင်းပြင်မြို့တို့တွင် ၅-ပေမှ ၇-ပေခန့် မော်လိုက်မြို့၊ ကလေးဝမြို့၊ မင်းကင်းမြို့၊ ကနီမြို့နှင့် မုံရွာမြို့တို့တွင် ၉-ပေခွဲမှ ၁၂-ပေခန့် ကျဆင်းနိုင်ပါသည်။