DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

Main menu

၁၇-၉-၂၀၂၄: ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် မုတ်သုံလေ အားအသင့်အတင့်မှ အားကောင်းနေပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်တွင် မုတ်သုံလေ အားအသင့် အတင့် ရှိနေပါသည်။

မုန်တိုင်းငယ် သတင်း

မုန်တိုင်းငယ်သတင်း
==================
(၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလ (၃)ရက်နေ့ မြန်မာစံတော်ချိန်(၁၆း၀၀)နာရီအချိန်ထုတ်ပြန်ချက်)
===========================================

မုန်တိုင်းငယ်သတင်း အမှတ်စဉ်(၀၂)
==================================

မုန်တိုင်းငယ်အ‌ခြေအနေ
=================

(က) ယနေ့မြန်မာစံတော်ချိန် (၁၅း၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလား

ပင်လယ်အော်တောင်ပိုင်းနှင့် ယင်းနှင်‌့ ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်

အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်သည်အနောက်-အနောက်မြောက်ဘက်

သို့ရွေ့လျားခဲ့ပြီး၊ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းနှင့် ယင်းနှင်‌့ ဆက်စပ်လျက်ရှိသော

ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းသို့ရောက်ရှိခဲ့ကာ။ အိန္ဒိယနိုင်ငံ၊

ဗီဇာကာပတ္တနမ်မြို့၏ အရှေ့တောင်ဘက် (၂၈၅)မိုင်ခန့်၊ ပါရာဒစ်မြို့၏ တောင်-အနောက်တောင်

ဘက် (၃၉၅)မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။ အဆိုပါ မုန်တိုင်းငယ်သည်

ကနဦးတွင် အနောက်မြောက်ဘက်သို့ ရွေ့လျားပြီး၊ အရှေ့မြောက် ဘက်သို့ ပြန်ကွေ့ကာ

နောက် (၄၈)နာရီအတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကမ်းခြေအနီးသို့ ရောက်ရှိမည်ဟု ခန့်မှန်းရပါသည်။

(ခ) မုန်တိုင်းငယ်၏လက်ရှိအခြေအနေမှာ အဝါရောင်အဆင့်ရှိပြီး မြန်မာနိုင်ငံဘက်သို့

ဦးတည်ရွေ့လျားမည့် အခြေအနေမရှိဟု သတ်မှတ်ပါသည်။

မုန်တိုင်းငယ်၏ တည်နေရာ၊ ဗဟိုချက်လေဖိအားနှင့် လေတိုက်နှုန်း
============================================

(က)အဆိုပါမုန်တိုင်းငယ်သည် မြန်မာစံတော်ချိန်(၁၅း၃၀)နာရီအချိန်တွင်
မြောက်လတ္တီကျု (၁၃.၇)ဒီဂရီနှင့် အရှေ့လောင်ဂျီကျု (၈၆.ဝ)ဒီဂရီတွင်ရှိပြီး၊ ဗဟိုချက်လေဖိအား

(၁၀၀၄)ဟက်တိုပါစကယ်နှင့် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင်(၃၀)နှုန်းခန့် ဖြစ်ပါသည်။

နောက်(၂၄)နာရီအတွင်း ခန့်မှန်းချက်
=========================

(က) အဆိုပါမုန်တိုင်းငယ်သည် နောက် (၂၄)နာရီအတွင်း ပိုမိုအားကောင်းလာမည်ဟု ခန့်မှန်းရ ပါသည်။

သတိပေးနှိုးဆော်ချက်
==============

(က) အဆိုပါ မုန်တိုင်းငယ်၏အရှိန်ကြောင့် မြန်မာ့ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်

ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများ ကျရောက်ပြီး၊ လှိုင်းအသင့်အတင့်မှ လှိုင်းကြီး နိုင်ပါသည်။

မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် (၃၅)မိုင် အထိ တိုက်ခတ်နိုင်ပါသည်။

အကြံပြုချက်
=========

(က) မြန်မာ့ကမ်းရိုးတန်းတစ်လျောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်း

ရေယာဉ်များ၊‌ သင်္ဘောများအနေဖြင့် ကြိုတင်သတိပြုရန် အကြံပြုအပ်ပါသည်။