DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန

Main menu

၆-၃-၂၀၂၆ ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းနှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပြီး ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းနှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် အများအားဖြင့် သာယာနေပါသည်။

ရေနည်းမည့် အခြေအနေသတင်း

ရေနည်းမည့် အခြေအနေသတင်း

(၂၀၂၁ ခုနှစ်၊ မေလ (၂၀) ရက်၊ (၁၃:၀၀)နာရီ အချိန်ထုတ်ပြန်ချက်)

၁။      ဧရာဝတီမြစ်ရေသည် ယနေ့မြန်မာစံတော်ချိန် (၁၂:၃၀) နာရီအချိန် တိုင်းထွာချက်အရ မန္တလေးမြို့တွင် (၃၁၉) စင်တီမီတာသို့ ရောက်ရှိနေပါသည်။ အဆိုပါမြစ်ရေသည် ၂၀၂၁ ခုနှစ်၊ မေလ တတိယ (၁၀) ရက်ပတ်အတွင်း လက်ရှိရေမှတ်အထက် (၅)ပေခန့် မြင့်တက်လာနိုင်ပြီး ယင်းမြို့၏ ရေနည်းသတိပေးမှတ် (၃၆၀) စင်တီမီတာအထက်သို့ ပြန်လည်ရောက်ရှိနိုင်ပါသည်။

 ၂။       ချင်းတွင်းမြစ်ရေသည် ယနေ့မြန်မာစံတော်ချိန် (၁၂:၃၀) နာရီအချိန် တိုင်းထွာချက်အရ မုံရွာမြို့ တွင် (၇၁) စင်တီမီတာသို့ ရောက်ရှိနေပါသည်။ အဆိုပါမြစ်ရေသည် နောက်(၅)ရက်အတွင်း ယင်းမြို့၏ ရေနည်းသတိပေးမှတ် (၁၀၀) စင်တီမီတာအောက်တွင် ဆက်လက်တည်ရှိနိုင်ပါသည်။

Burmese