DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

Main menu

၁၇-၁၁-၂၀၂၅:ယနေ့မြန်မာစံတော်ချိန် ၀၅:၃၀ နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလား ပင်လယ်အော်အနောက်တောင်ပိုင်း(သီရိလင်္ကာနိုင်ငံကမ်းလွန်)တွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်း(Low Pressure Area)သည် ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော သီရိလင်္ကာ နိုင်ငံကမ်းရိုးတန်းသို့ရောက်ရှိခဲ့ပြီး ဆက်လက်တည်ရှိနေပါသည်။ အဆိုပါ လေဖိအားနည်းရပ်ဝန်းသည် နောက် ၂၄ နာရီအတွင်း အနောက်-အနောက်မြောက်ဘက်သို့ ဖြည်းညှင်းစွာရွေ့လျားနိုင်သည်ဟု ခန့်မှန်းရပါသည်။ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းနှင့် အရှေ့အလယ်ပိုင်းတို့တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပြီး၊ ကပ္ပလီ ပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပါသည်။

နေ့စဉ်မိုးလေဝသသတင်း

နေ့စဉ်မိုးလေဝသသတင်း
(၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလ(၂၄)ရက်နေ့ ညနေ(၄း၀၀)နာရီအချိန် ထုတ်ပြန်ချက်)

ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းနှင်‌့ အနောက်အလယ်ပိုင်းတို့တွင်

အများအားဖြင့် သာယာနေပြီး၊ ကပ္ပလီပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလားပင်လယ်အော်‌တို့တွင်

တိမ်အသင့်အတင့်  ဖြစ်ထွန်းနေပါသည်။

မနက်ဖြန်နံနက်ထိခန့်မှန်းချက်။ တနင်္သာရီတိုင်းဒေသကြီး တွင် နေရာကွက်ကျား မိုးအနည်းငယ်ရွာနိုင်ပြီး၊

ချင်းပြည်နယ်၊  ရှမ်းပြည်နယ် (မြောက်ပိုင်းနှင်‌့ အရှေ့ပိုင်း)၊ ကရင်ပြည်နယ်နှင်‌့ မွန်ပြည်နယ်တို့တွင်

တိမ်အသင့်အတင့် ဖြစ်ထွန်းကာ၊  ကျန်တိုင်းဒေသကြီးနှင်‌့ ပြည်နယ်တို့တွင် အများအားဖြင့် သာယာမည်။

ရွာရန်ရာနှုန်း(၆၀) ဖြစ်ပါသည်။

မြန်မာ့ပင်လယ်ပြင်။ လှိုင်းအနည်းငယ်မှ အသင့်အတင့်ရှိမည်။

နောက်(၂)ရက်အတွက်ခန့်မှန်းချက်။ တနင်္သာရီတိုင်းဒေသကြီးနှင်‌့ မွန်ပြည်နယ်တို့တွင် နေရာကွက်ကျား

မိုးအနည်းငယ် ရွာနိုင်ပါသည်။

နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်နံနက်ထိခန့်မှန်းချက်။ အများအားဖြင့် သာယာမည်။

ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်နံနက်ထိခန့်မှန်းချက်။ အများအားဖြင့် သာယာမည်။

မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်နံနက်ထိခန့်မှန်းချက်။ အများအားဖြင့် သာယာမည်။