DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

Main menu

(၂၉-၀၃-၂၀၂၄):ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းနှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့ တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပြီး၊ ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းနှင့် ကျန်ဘင်္ဂလားပင်လယ်အော် တို့တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပါသည်။

လပတ်မြစ်ရေအခြေအနေခန့်မှန်းချက်

၂၀၁၆ခုနှစ်၊ ဒီဇင်ဘာလအတွက် မြစ်ရေအခြေအနေခန့်မှန်းချက်

(၂၈-၁၁-၂၀၁၆ ရက်နေ့ထုတ်ပြန်သည်)

              -ဧရာဝတီမြစ်ရေသည ်ဒီဇင်ဘာလအတွင်း မြစ်ကြီးနားမြို့၊ ဗန်းမော်မြို့၊ ရွှေကူမြို့၊ ကသာမြို့၊ သပိတ်ကျင်းမြို့၊ မန္တလေးမြိ၊့ စစ်ကိုင်းမြို့နှင့် မြင်းမူမြို့တို့တွင် ၂-ပေ မှ ၃-ပေခန့့်၊ ပခုက္ကူမြို့၊ ညောင်ဦးမြို့၊ ချောက်မြို့၊ မင်းဘူးမြို့၊ မကွေးမြို့၊ အောင်လံမြို့၊ ပြည်မြို့၊ ဆိပ်သာမြို့၊ ဟင်္သာတမြို့နှင့် ဇလွန်မြို့တို့တွင် ၄-ပေမှ ၅-ပေခန့် ကျဆင်းလာနိုင်ပါသည်။

              -ချင်းတွင်းမြစ်ရေသည် ဒီဇင်ဘာလအတွင်း ခန္တီးမြို့၊ ဟုမ္မလင်းမြို့နှင့် ဖောင်းပြင်မြို့တို့တွင် ၂-ပေမှ၃-ပေခန့်နှင့် မော်လိုက်မြို့၊ ကလေးဝမြို့၊ မင်းကင်းမြို့၊ ကနီမြို့နှင့် မုံရွာမြို့တို့တွင် ၃-ပေမှ ၄-ပေခန့် ကျဆင်းလာနိုင်ပါသည်။