နေ့စဉ်မိုးလေဝသသတင်း
(၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ(၁)ရက်နေ့ နံနက်(ရး၀၀)နာရီအချိန် ထုတ်ပြန်ချက်)
ဘင်္ဂလားပင်လယ်အော်အခြေအနေ။ ယနေ့မြန်မာစံတော်ချိန် (၀၅း၃၀)နာရီအချိန် တိုင်းထွာချက်များအရ
ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက် ရှိသော ဘင်္ဂလားပင်လယ်အော်
အရှေ့တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော ဆိုင်ကလုန်းမုန်တိုင်း“နာဒါ”(Nada)သည် အနောက်-
အနောက်မြောက် ဘက်သို့ ရွေ့လျားခဲ့ပြီး ဘင်္ဂလားအနောက်တောင်ပိုင်းသို့ရောက်ရှိခဲ့ကာ၊ အိန္ဒိယနိုင်ငံ၊
ချင်းနိုင်မြို့၏ အရှေ့တောင်ဘက်(၂၂၅)မိုင်ခန့်၊ ပဒူချယ်ရီမြို့၏ အရှေ့-အရှေ့တောင်ဘက် မိုင်(၂၁၀)
ခန့်နှင့် သီရိလင်္ကာနိုင်ငံ၊ ထရင်ကိုမာလီမြို့၏ အရှေ့မြောက်ဘက် (၁၄၅)မိုင်ခန့်အကွာ ပင်လယ်ပြင်ကို
ဗဟိုပြုနေပါသည်။ အဆိုပါဆိုင်ကလုန်းမုန်တိုင်းသည် အနောက်-အနောက်မြောက်ဘက်သို
့ ရွေ့လျားမည်ဟု ခန့်မှန်းရပါသည်။ ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းနှင့်
အနောက်အလယ်ပိုင်းတို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပြီး၊ ကပ္ပလီပင်လယ်ပြင်နှင့်
ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနေပါသည်။
ယနေ့ညနေထိခန့်မှန်းချက်။ မန္တလေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီ
တိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့တွင် နေရာကွက်ကျား
မိုးအနည်းငယ်ရွာနိုင်ပြီး၊ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် တိမ်အသင့်အတင့်
ဖြစ်ထွန်းမည်။ ရွာရန်ရာနှုန်း(၆၀) ဖြစ်ပါသည်။
မြန်မာ့ပင်လယ်ပြင်။ လှိုင်းအသင့်အတင့်ရှိမည်။
နောက်(၂)ရက်အတွက်ခန့်မှန်းချက်။ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ကချင်ပြည်နယ်နှင့်
ရှမ်းပြည်နယ်တို့တွင် ညအပူချိန်များ အနည်းငယ်လျော့နည်းနိုင်ပါသည်။
နေပြည်တော်နှင့် အနီးတစ်ဝိုက်အတွက် ယနေ့ညနေထိခန့်မှန်းချက်။ တိမ်အသင့်အတင့်
ဖြစ်ထွန်းမည်။
ရန်ကုန်မြို့နှင့် အနီးတစ်ဝိုက်အတွက် ယနေ့ညနေထိခန့်မှန်းချက်။ တိမ်အသင့်အတင့် ဖြစ်ထွန်းမည်။
မန္တလေးမြို့နှင့် အနီးတစ်ဝိုက်အတွက် ယနေ့ညနေထိခန့်မှန်းချက်။ တိမ်အသင့်အတင့် ဖြစ်ထွန်းမည်။