DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

Main menu

၃၁-၅-၂၀၂၄: ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားအသင့်အတင့်မှ အားကောင်းနေပါသည်။

မုန်တိုင်းသတင်း

မုန်တိုင်းသတင်း

(၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ (၈)ရက်နေ့ မြန်မာစံတော်ချိန်(၂၂း၀၀)နာရီအချိန်ထုတ်ပြန်ချက်)

 ဆိုင်ကလုန်းမုန်တိုင်းသတင်း အမှတ်စဉ်(၀၅)၊၂၀၁၆  
မုန်တိုင်းအ‌ခြေအနေ

  (က)    ယနေ့မြန်မာစံတော်ချိန် (၂၁း၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော်

အရှေ့တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော ဆိုင်ကလုန်းမုန်တိုင်း “ဗာဒတ်ရှ်”(VARDAH)သည်

မြောက်ဘက်သို့ ဖြည်းညင်းစွာ ရွေ.လျားခဲ့ပြီး၊ အိန္ဒိယနိုင်ငံ၊ ဗီဇာကာပတ္တနမ်မြို့၏

အရှေ့တောင်ဘက် မိုင်(၅၅၀)ခန့်၊ မာချီလီပတ္တနမ်မြို့၏ အရှေ့တောင်ဘက် မိုင်(၆၀၀)ခန့်၊

ပို့ပလဲယားမြို့၏အနောက်- အနောက်မြောက်ဘက် မိုင်(၁၃၀)ခန့်နှင့် မြန်မာနိုင်ငံ၊

ကိုကိုးကျွန်းမြို့၏အနောက်တောင်ဘက်မိုင် (၂၂၀)ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေ

ပါသည်။ အဆိုပါ ဆိုင်ကလုန်းမုန်တိုင်းသည်  အနောက်မြောက်ဘက်သို့  ရွေ့လျားမည်ဟု

ခန့်မှန်းရပါသည်။

(ခ)    ဆိုင်ကလုန်းမုန်တိုင်း၏ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့်

အခြေအနေမရှိသဖြင့် အဝါရောင်အဆင့်ဟု သတ်မှတ်ပါသည်။

မုန်တိုင်း၏ တည်နေရာ၊ ဗဟိုချက်လေဖိအားနှင့် လေတိုက်နှုန်း
(က)    ဆိုင်ကလုန်းမုန်တိုင်းသည် ွမန်မာစံတော်ချိန် (၂၁း၃၀)နာရီအချိန်တွင် မြောက်လတ္တီကျု (၁၁.၇)

ဒီဂရီနှင့်အရှေ့လောင်ဂျီကျု (၉၀.၅)ဒီဂရီတွင်ရှိပြီး၊ ဗဟိုချက်လေဖိအား (၉၉၈)ဟက်တိုပါစကယ်နှင့်

အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင်(၅၀)နှုန်းခန့် ဖြစ်ပါသည်။

နောက်(၂၄)နာရီအတွင်း ခန့်မှန်းချက်

(က)      အဆိုပါ ဆိုင်ကလုန်း မုန်တိုင်း “ဗာဒတ်ရှ်” (VARDAH) သည် နောက်(၂၄)နာရီအတွင်း

ပိုမိုအားကောင်းလာမည်ဟု ခန့်မှန်းရပါသည်။
သတိပေးနှိုးဆော်ချက်
(က)    အဆိုပါ ဆိုင်ကလုန်းမုန်တိုင်း၏ အရှိန်ကြောင့် မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီ

ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများ

ကျရောက်ပြီး၊ လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ပါသည်။ မိုးသက် လေပြင်းကျစဉ် ရေပြင်/မြေပြင်

လေသည် တစ်နာရီလျှင် (၃၅)မိုင်အထိတိုက်ခတ်နိုင် ပါသည်။           
အကြံပြုချက်

(က)    မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီ ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်

တို့ရှိကမ်းနီး၊ ကမ်းဝေးငါးဖမ်း ရေယာဉ်များ၊‌ သင်္ဘောများအနေဖြင့် ကြိုတင်သတိပြုရန် အကြံပြုအပ်ပါသည်။