DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

Main menu

၁၉-၄-၂၀၂၄  ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းနှင့် အနောက်အလယ်ပိုင်းတို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနေပြီး၊ ကပ္ပလီပင်လယ်ပြင် နှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပါသည်။

၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလ လပတ်အတွက် မိုးလေဝသနှင့်ဇလဗေဒခန့်မှန်းချက်

၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလ လပတ်အတွက် မိုးလေဝသနှင့်ဇလဗေဒခန့်မှန်းချက်
-----------------------------------------------------------------------------------
ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ
-------------------------------------

ကပ္ပလီပင်လယ်ပြင်နှင့်ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင်
လေဖိအားနည်းရပ်ဝန်း (၁)ကြိမ် ဖြစ်ပေါ်နိုင်ပြီး၊ ပိုမိုအားကောင်းလာကာ

မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်ပါသည်။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလား

ပင်လယ်အော်တောင်ပိုင်းတို့တွင် တိမ်အသင့် အတင့် ဖြစ်ထွန်းနိုင်ပြီး၊ ကျန်

ဘင်္ဂလားပင်လယ်အော်တွင် အများအားဖြင့် သာယာမည်။

မိုးအခြေအနေနှင့် မိုးရွာရက်
--------------------------------

ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊

ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ရွာသွန်းမြဲထက်ပိုနိုင်ပြီး၊ စစ်ကိုင်း

တိုင်းဒေသကြီးအထက်ပိုင်း၊ ကချင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင်

ရွာသွန်းမြဲအောက်လျော့ကာ၊ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင်

ရွာသွန်းမြဲခန့် မိုးအနည်းငယ် ရွာနိုင်ပါသည်။
တနင်္သာရီတိုင်းဒေသကြီးတွင် (၆)ရက်မှ (၇)ရက်ခန့်၊ ရန်ကုန်တိုင်းဒေသကြီးနှင့်

ဧရာဝတီတိုင်း ဒေသကြီးတို့တွင် (၄)ရက်မှ (၅)ရက်ခန့်နှင့် ကျန်တိုင်းဒေသကြီးနှင့်

ပြည်နယ်တို့တွင် (၂)ရက်မှ (၃)ရက် ခန့် မိုးအနည်းငယ် ရွာနိုင်ပါသည်။

ညအပူချိန်
-----------

စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ကချင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင်

ဇန်နဝါရီလ၏ ပျမ်းမျှအပူချိန်တို့ထက် ပိုနိုင်ပြီး၊ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်

တို့တွင် ဇန်နဝါရီလ၏ ပျမ်းမျှအပူချိန်ခန့်သာ ရှိနိုင်ပါသည်။

မြူအခြေအနေ
------------------

စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင်

(၁၀)ရက်မှ (၁၅)ရက်ခန့်၊ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် (၄)ရက်မှ (၉) ရက်ခန့်

နံနက်ပိုင်းတွင် မြူထူများဆိုင်းနိုင်ပါသည်။