ပင်လယ်ပြင်ခရီးအတွက် မိုးလေ၀သခန့်မှန်းချက်

ပင်လယ်ပြင်ခရီးအတွက် မိုးလေ၀သခန့်မှန်းချက်

(၂၀၂၁ ခုနှစ် အောက်တိုဘာလ (၁၅)ရက်နေ့၊ နံနက်(၁၀:၃၀)နာရီအချိန် ထုတ်ပြန်ချက်)

ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ ယနေ့မြန်မာစံတော်ချိန်(၀၆:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလား ပင်လယ်အော် အလယ်ပိုင်းတွင်ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် ဘင်္ဂလားပင်လယ်အော်အနောက် အလယ်ပိုင်းနှင့် ယင်းနှင့် ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်းတို့တွင် ဆက်လက် တည်ရှိနေပါသည်။ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းနှင့် အရှေ့အလယ်ပိုင်းတို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူ ထပ်နေပြီး၊ ကပ္ပလီပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားကောင်းနေပါသည်။

ရန်ကုန်မှ တနင်္သာရီကမ်းရိုးတန်းတစ်‌​လျှောက် ပင်လယ်ပြင်ခရီးအတွက် မိုးလေ၀သခန့်မှန်းချက်

ယနေ့မွန်းတည့်မှ နောက်(၂၄)နာရီအတွင်းခန့်မှန်းချက်

မိုးလေ၀သအ‌ခြေအနေ။ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ နေရာကွက်၍ မိုးကြီးနိုင်ပါသည်။

အမြင်တာ။                   ()မိုင်၊ မိုးရွာစဉ်  မိုင်ဝက်အောက်။

ရေပြင်လေ။                   တောင်(သို့) အနောက်တောင်၊ တစ်နာရီပင်လယ်မိုင် (၁၀-၁၅)မိုင်၊ တစ်ခါတစ်ရံ (၃၀-၃၅)မိုင်။   

လှိုင်းအ‌ခြေအနေ။         လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ပါသည်။

လှိုင်းအမြင့်။                 (၆)ပေမှ ()ပေခန့်။

ရန်ကုန်မှ ရခိုင်ကမ်းရိုးတန်းတစ်လျှောက် ပင်လယ်ပြင်ခရီးအတွက် မိုးလေ၀သခန့်မှန်းချက်

ယနေ့မွန်းတည့်မှ နောက်(၂၄)နာရီအတွင်း ခန့်မှန်းချက်

မိုးလေ၀သအ‌ခြေအနေ။ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာမည်။

အမြင်တာ။                   ()မိုင်၊ မိုးရွာစဉ်  (၁)မိုင်ခန့်။

ရေပြင်လေ။                   အရှေ့(သို့) အရှေ့တောင်၊ တစ်နာရီပင်လယ်မိုင်(၁၀-၁၅)မိုင်၊ တစ်ခါတစ်ရံ  (၃၀-၃၅)မိုင်။

လှိုင်းအ‌ခြေအနေ။         လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ပါသည်။

လှိုင်းအမြင့်။                 (၆)ပေမှ ()ပေခန့်။