DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

Main menu

၉-၁၁-၂၀၂၅: ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းနှင့် ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းတို့တွင် တိမ်ထူထပ်နေပြီး ကပ္ပလီပင်လယ်ပြင် တောင်ပိုင်းနှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အနည်းငယ်မှ တိမ်အသင့်အတင့် ဖြစ်ထွန်းနေပါသည်။

ကပ္ပလီပင်လယ်ပြင်အခြေအနေ

ကပ္ပလီပင်လယ်ပြင်အခြေအနေ
(၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလ (၁၁)ရက်နေ့ မြန်မာစံတော်ချိန် (၁၆း၀၀)နာရီအချိန်ထုတ်ပြန်ချက်)

(က)ယနေ့မြန်မာစံတော်ချိန် (၁၅း၃၀)နာရီအချိန်တိုင်းထွာချက်များအရကပ္ပလီပင်လယ်ပြင်တောင်ပိုင်းနှင့်

ယင်းနှင့်ဆက်စပ်လျက်ရှိသောတနင်္သာရီကမ်းရိုးတန်းပေါ်တွင် ဖြစ်ပေါ်နေသောလေဖိအားနည်းရပ်ဝန်းသည်

တနင်္သာရီကမ်းရိုးတန်းနှင့်ယင်းနှင့်ဆက်စပ်လျက်ရှိသောကပ္ပလီပင်လယ်ပြင်‌မြောက်ပိုင်းတွင်ဆက်လက်တည်

ရှိနေပါသည်။

(ခ)အဆိုပါ လေဖိအားနည်းရပ်ဝန်း၏အရှိန်ကြောင့်တနင်္သာရီတိုင်းဒေသကြီး၊ကရင်ပြည်နယ်နှင့်မွန်ပြည်နယ်

တို့တွင် နေရာစိပ်စိပ်၊ပဲခူးတိုင်းဒေသကြီး၊ရန်ကုန်တိုင်းဒေသကြီး၊ဧရာဝတီတိုင်းဒေသကြီး၊ရှမ်းပြည်နယ်

(တောင်ပိုင်းနှင့်အရှေ့ပိုင်း)နှင့်ကယားပြည်နယ်တို့တွင် နေရာကွက်ကျားမိုးထစ်ချုန်းရွာနိုင်ပါသည်။

(ဂ) မြစ်ဝကျွန်းပေါ်၊မုတ္တမကွေ့၊မွန်တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့်ကမ်းလွန်ပင်လယ်ပြင်တို့တွင်တစ်ခါ

တစ်ရံမိုးသက်လေပြင်းများကျရောက်ပြီး၊လှိုင်းအသင့်အတင့်မှလှိုင်းကြီးနိုင်ပါသည်။မိုးသက်လေပြင်းကျစဉ် ရေပြင်

/မြေပြင်လေသည်တစ်နာရီလျှင် (၃၅)မိုင်အထိတိုက်ခတ်နိုင်ပါသည်။

အကြံပြုချက်

(က) မြစ်ဝကျွန်းပေါ်၊မုတ္တမကွေ၊မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့်ကမ်းလွန်ပင်လယ်ပြင်တို့ရှိကမ်းနီး၊ကမ်းဝေး

ငါးဖမ်းရေယာဉ်များသင်္ဘောများအနေဖြင့် ကြိုတင်သတိပြုရန်အကြံပြုအပ်ပါသည်