DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

Main menu

၃၀-၆-၂၀၂၅:  ယနေ့မြန်မာစံတော်ချိန် ၁၇:၃၀ နာရီအချိန် တိုင်းထွာချက်များအရ အိန္ဒိယ နိုင်ငံ၊ အနောက်ဘင်္ဂလားပြည်နယ်ကမ်းရိုးတန်းတွင် ဖြစ်ပေါ်နေ‌သော လေဖိအားနည်းရပ်ဝန်း (Low Pressure Area) သည် အနောက်-အနောက်မြောက်ဘက်သို့ ဖြည်းညှင်းစွာ ရွေ့လျားနိုင်ပြီး၊ နောက် ၂ ရက်အတွင်း အိန္ဒိယ နိုင်ငံ၊ ဩရိဿပြည်နယ်မြောက်ပိုင်း၊ အနောက်ဘင်္ဂလားပြည်နယ်နှင့် ဂျက်ခမ်းပြည်နယ်တို့ကို ဆက်လက် ဖြတ်ကျော်နိုင်ကာ တဖြည်းဖြည်း အားလျော့သွားမည်ဟု ခန့်မှန်းရပါသည်။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလား ပင်လယ်အော်တို့တွင် မုတ်သုံလေ အားကောင်းရာမှ အားအလွန်ကောင်းနေပါသည်။

 

(၁၀)ရက်ပတ်မြစ်ရေအခြေအနေခန့်မှန်းချက်

၂၀၁၇ ခုနှစ် ဇန်နဝါရီလ၊တတိယ (၁၀) ရက်ပတ် မြစ်ရေအခြေအနေခန့်မှန်းချက်

(၁၈-၁-၂၀၁၇ ရက်နေ့ ထုတ်ပြန်သည်) 

      ဧရာဝတီမြစ်ရေသည် ဇန်နဝါရီလ တတိယ(၁၀)ရက်ပတ်အတွင်း မြစ်ကြီးနားမြို့၊ ဗန်းမော်မြို့၊ ရွှေကူမြို့၊ ကသာမြို့၊ သပိတ်ကျင်းမြို့၊ မန္တလေးမြို့၊ စစ်ကိုင်းမြို့ ၊့ မြင်းမူမြို့၊  ပခုက္ကူမြို့၊ ညောင်ဦးမြို့၊ ချောက်မြို့၊ မင်းဘူးမြို့၊ မကွေးမြို့၊ အောင်လံမြို့၊ ပြည်မြို့၊ ဆိပ်သာမြို့၊ ဟင်္သာတမြို့နှင့် ဇလွန်မြို့တို့တွင်  ပေဝက်မှ ၁-ပေခန့် ကျဆင်းလာနိုင်ပါသည်။

    ချင်းတွင်းမြစ်ရေသည် ဇန်နဝါရီလ တတိယ(၁၀)ရက်ပတ်အတွင်း ခန္တီးမြို့၊ ဟုမ္မလင်းမြို့၊ ဖောင်းပြင်မြို့၊ မော်လိုက်မြို့၊ ကလေးဝမြို့၊ မင်းကင်းမြို့၊ ကနီမြို့နှင့် မုံရွာမြို့တို့တွင် ပေဝက်ခန့် ကျဆင်းလာနိုင်ပါသည်။