ပင်လယ်ပြင်ခရီးအတွက် မိုးလေ၀သခန့်မှန်းချက်

ပင်လယ်ပြင်ခရီးအတွက် မိုးလေ၀သခန့်မှန်းချက်

(၂၀၂၁ခုနှစ်နိုဝင်ဘာလ (၁၁)ရက်နေ့၊ နံနက်(၁၀:၃၀)နာရီအချိန်ထုတ်ပြန်ချက်)

ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေယနေ့မြန်မာစံတော်ချိန် (၀၅:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလား ပင်လယ်အော်အနောက်တောင်ပိုင်းတွင်ဖြစ်ပေါ်နေသော မုန်တိုင်းငယ်  (Depression)သည် အနောက်-အနောက် မြောက်ဘက်သို့ရွေ့လျားခဲ့ပြီး၊ မြန်မာနိုင်ငံ၊ ကိုကိုးကျွန်း(Coco Island)မြို့၏ အနောက်- အနောက်တောင်ဘက် ရေမိုင်(၇၀၀)မိုင်ခန့်၊ ဟိုင်းကြီးကျွန်း(Hainggyigyun)မြို့၏ အနောက်-အနောက်တောင်ဘက် ရေမိုင်(၇၈၀)မိုင်ခန့်၊ အိန္ဒိယနိုင်ငံ၊ ချင်းနိုင်(Chennai)မြို့၏ အရှေ့တောင်ဘက် ရေမိုင် (၁၀၀)မိုင်ခန့်နှင့် ပူဒူချယ်ရီ(Puducherry)မြို့၏ အရှေ့ဘက် ရေမိုင်(၁၀၅)မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းနှင့် ဘင်္ဂလား ပင်လယ်အော်မြောက်ပိုင်းတို့တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပြီး၊ ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းနှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပါသည်။

ရန်ကုန်မှ တနင်္သာရီကမ်းရိုးတန်းတစ်‌​လျှောက် ပင်လယ်ပြင်ခရီးအတွက် မိုးလေ၀သခန့်မှန်းချက်

ယနေ့မွန်းတည့်မှ နောက်(၂၄)နာရီအတွင်းခန့်မှန်းချက်

မိုးလေ၀သအ‌ခြေအနေ။ နေရာကျဲကျဲ မိုးထစ်ချုန်းရွာမည်။

အမြင်တာ။        ()မိုင်၊ မိုးရွာစဉ် (၁)မိုင်ခန့်။

ရေပြင်လေ။                  အရှေ့(သို့) အရှေ့တောင်၊ တစ်နာရီပင်လယ်မိုင်  (၅-၁၀)မိုင်၊ တစ်ခါတစ်ရံ (၂၅)မိုင်မှ မိုင်(၃၀)။

လှိုင်းအ‌ခြေအနေ။         လှိုင်းအသင့်အတင့်ရှိမည်။

လှိုင်းအမြင့်။       (၄)ပေမှ ()ပေခန့်။

ရန်ကုန်မှ ရခိုင်ကမ်းရိုးတန်းတစ်လျှောက် ပင်လယ်ပြင်ခရီးအတွက် မိုးလေ၀သခန့်မှန်းချက်

ယနေ့မွန်းတည့်မှ နောက်(၂၄)နာရီအတွင်း ခန့်မှန်းချက်

မိုးလေ၀သအ‌ခြေအနေ။နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်။

အမြင်တာ။                    ()မိုင်၊ မိုးရွာစဉ် (၁)မိုင်ခန့်။

ရေပြင်လေ။       အရှေ့(သို့) အရှေ့တောင်၊ တစ်နာရီပင်လယ်မိုင်(၅-၁၀)မိုင်၊ တစ်ခါတစ်ရံ (၂၅)မိုင်။

လှိုင်းအ‌ခြေအနေ။         လှိုင်းအသင့်အတင့်ရှိမည်။

လှိုင်းအမြင့်။       (၄)ပေမှ ()ပေခန့်။