Earthquake News

မြေငလျင်သတင်း

၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ (၂၈)ရက်နေ့၊ မြန်မာစံတော်ချိန် (၂၃)နာရီ၊ (၃၂)မိနစ်၊ (၂၄)စက္ကန့် အချိန်တွင် မြစ်ကြီးနားမြေငလျင်စခန်းမှ အ‌နောက်မြောက်ဘက် (၁၀၇)မိုင်ခန့်ကွာဝေးသော မြန်မာနိုင်ငံ ပြည်တွင်း (တနိုင်းမြို့၏ မြောက်ဘက် (၃၉)မိုင်ခန့်အကွာ) မြောက်လတ္တီတွဒ် (၂၆.၉၃) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၆.၇၄)ဒီဂရီ၊ အနက် (၁၀)ကီလိုမီတာကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး (၄.၂)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှား သွားကြောင်း တိုင်းထွာရရှိပါသည်။