ပင်လယ်ပြင်ခရီးအတွက် မိုးလေ၀သခန့်မှန်းချက်

 

ပင်လယ်ပြင်ခရီးအတွက် မိုးလေ၀သခန့်မှန်းချက်

(၂၀၂၁ ခုနှစ် ဒီဇင်ဘာလ (၅)ရက်နေ့၊ နံနက်(၁၀:၃၀)နာရီအချိန် ထုတ်ပြန်ချက်)

ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ ယနေ့မြန်မာစံတော်ချိန် (၀၅:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော အားကောင်းသော မုန်တိုင်းငယ်(Deep Depression)သည် မြောက်-အရှေ့မြောက်ဘက် သို့ရွေ့လျားခဲ့ပြီး၊ မြန်မာနိုင်ငံ၊ ကိုကိုးကျွန်း(Coco Island)မြို့၏ အနောက် -အနောက်မြောက်ဘက် ရေမိုင်(၅၂၀)မိုင်ခန့်၊ ပုသိမ်မြို့ (Pathein)မြို့၏ အနောက်-အနောက်မြောက်ဘက် ရေမိုင်(၅၆၀)မိုင်ခန့်၊ အိန္ဒိယနိုင်ငံ၊ ဗီဆာကာပတ္တနမ်မြို့(Vishakhapatnam)၏ အရှေ့-အရှေ့တောင်ဘက် ရေမိုင်(၁၀၀)မိုင်ခန့်၊ ဂိုလ်ပါပူ(Gopalpur)မြို့၏ တောင်ဘက် ရေမိုင်(၁၀၅)မိုင်ခန့်၊ ပူရီ(Puri)မြို့၏ တောင်- အနောက်တောင်ဘက်ရေမိုင် (၁၄၅) မိုင်ခန့်နှင့် ပါရာဒစ်ရှ်(Paradip)မြို့၏ တောင်-အနောက်တောင်ဘက် ရေမိုင်(၁၉၀)မိုင်ခန့် အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းနှင့် အနောက်အလယ်ပိုင်းတို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပြီး၊ ကပ္ပလီပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အနည်းငယ်မှ တိမ်အသင့်အတင့် ဖြစ်ထွန်းနေ ပါသည်။

ရန်ကုန်မှ တနင်္သာရီကမ်းရိုးတန်းတစ်‌​လျှောက် ပင်လယ်ပြင်ခရီးအတွက် မိုးလေ၀သခန့်မှန်းချက်

ယနေ့မွန်းတည့်မှ နောက်(၂၄)နာရီအတွင်းခန့်မှန်းချက်

မိုးလေ၀သအ‌ခြေအနေ။  နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်

အမြင်တာ။                    ()မိုင်၊ မိုးရွာစဉ်  (၁)မိုင်ခန့်။

ရေပြင်လေ။                   အရှေ့(သို့) အရှေ့မြောက်၊ တစ်နာရီပင်လယ်မိုင်  (၁၀-၁၅)မိုင်၊ တစ်ခါတစ်ရံ မိုင်(၃၀)။

လှိုင်းအ‌ခြေအနေ။          လှိုင်းအသင့်အတင့်ရှိမည်။

လှိုင်းအမြင့်။                  (၅)ပေမှ (၇)ပေခန့်။

ရန်ကုန်မှ ရခိုင်ကမ်းရိုးတန်းတစ်လျှောက် ပင်လယ်ပြင်ခရီးအတွက် မိုးလေ၀သခန့်မှန်းချက်

ယနေ့မွန်းတည့်မှ နောက်(၂၄)နာရီအတွင်း ခန့်မှန်းချက်

မိုးလေ၀သအ‌ခြေအနေ။   နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်

အမြင်တာ။                    ()မိုင်၊ မိုးရွာစဉ်  (၁)မိုင်ခန့်။

ရေပြင်လေ။                   တောင်(သို့) အရှေ့တောင်၊တစ်နာရီပင်လယ်မိုင် (၁၀-၁၅)မိုင်၊ တစ်ခါတစ်ရံ (၃၅)မိုင်။

လှိုင်းအ‌ခြေအနေ။           လှိုင်းအသင့်အတင့်မှလှိုင်းကြီးနိုင်ပါသည်။

လှိုင်းအမြင့်။                  (၇)ပေမှ (၉)ပေခန့်။