DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

Main menu

၂၀-၄-၂၀၂၄  ကပ္ပလီပင်လယ်ပြင်တောင်ပိုင်း၊ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းနှင့် အနောက်အလယ်ပိုင်းတို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနေပြီး၊ ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းနှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပါသည်။

လပတ်မြစ်ရေအခြေအနေခန့်မှန်းချက်

၂၀၁၇ ခုနှစ်၊ မတ်လ၊ လပတ်မြစ်ရေအခြေအနေခန့်မှန်းချက်

(၂၈-၂-၂၀၁၇ ရက်နေ့ ထုတ်ပြန်သည်)

 ဧရာဝတီမြစ်ရေသည် မတ်လအတွင်း မြစ်ကြီးနားမြို့၊ ဗန်းမော်မြို့၊ ရွှေကူမြို့၊ ကသာမြို့၊ သပိတ်ကျင်းမြို့၊ မန္တလေးမြို့၊ စစ်ကိုင်းမြို့၊ မြင်းမူမြို့၊ ပခုက္ကူမြို့နှင့် ညောင်ဦးမြို့တို့တွင် ၄-ပေမှ ၅-ပေခန့်၊ ချောက်မြို့၊ မင်းဘူးမြို့၊မကွေးမြို့၊ အောင်လံမြို့၊ ပြည်မြို့၊ ဆိပ်သာမြို့၊ ဟင်္သာတမြို့နှင့် ဇလွန်မြို့တို့တွင်  ၃-ပေမှ ၄-ပေခန့် မြင့်တက်လာနိုင်ပါသည်။

ချင်းတွင်းမြစ်ရေသည် မတ်လအတွင်း ခန္တီးမြို့၊ ဟုမ္မလင်းမြို့၊ ဖောင်းပြင်မြို့နှင့်မော်လိုက်မြို့ တို့တွင် ၁-ပေမှ ၂-ပေခန့် နှင့် ကလေးဝမြို့၊ မင်းကင်းမြို့၊ ကနီမြို့နှင့် မုံရွာမြို့တို့တွင် ပေဝက်မှ ၁-ပေခန့် မြင့်တက်လာနိုင်ပါသည်။