DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

Main menu

၁၇-၆-၂၀၂၄: ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် မုတ်သုံလေ အားအသင့်အတင့် ရှိနေပါသည်။

မုန်တိုင်းငယ်သတင်းအမှတ်စဉ်(၁၅/၂၀၂၂)

မုန်တိုင်းငယ်သတင်းအမှတ်စဉ်(၁၅/၂၀၂၂)

 (၂၀၂၂ခုနှစ်၊ မတ်(၆)ရက်နေ့ မြန်မာစံတော်ချိန်(၀၅:၀၀)နာရီအချိန်ထုတ်ပြန်ချက်)

 

(က)    မုန်တိုင်းငယ်(Depression)အခြေအနေ

(၁) ယနေ့မြန်မာစံတော်ချိန်(၀၃:၃၀)နာရီအချိန်တိုင်းထွာချက်များအရဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းတွင် ဖြစ်ပေါ်နေသောအားကောင်းသောမုန်တိုင်းငယ် (Deep Depression)သည် အနောက်တောင်ဘက်သို့ရွေ့လျားခဲ့ပြီး မုန်တိုင်းငယ် (Depression) အဖြစ်သို့ အားလျော့သွားခဲ့ကာ၊ မြန်မာနိုင်ငံ၊ ကိုကိုးကျွန်း(Coco Island)မြို့၏ အနောက်-အနောက်တောင်ဘက် ရေမိုင် (၆၆၅)မိုင်ခန့်၊ ဟိုင်းကြီးကျွန်း(Hainggyigyun)မြို့၏ အနောက်-အနောက်တောင်ဘက် ရေမိုင်(၇၅၀)မိုင်ခန့်၊ သီရိလင်္ကာနိုင်ငံ၊ ထရီကိုမာလီ (Trincomale)မြို့၏ မြောက်-အရှေ့မြောက်ဘက် ရေမိုင်(၁၈၅)မိုင်ခန့်၊ အိန္ဒိယနိုင်ငံ၊ နာဂါပတ္တနမ်(Nagapattinam)မြို့၏ အရှေ့-အရှေ့မြောက်ဘက် ရေမိုင် (၁၅၀)မိုင်ခန့်၊ ပူဒူချယ်ရီ (Puducherry)မြို့၏ အရှေ့-အရှေ့တောင်ဘက် ရေမိုင် (၁၅၀) မိုင်ခန့်နှင့် ချင်းနိုင် (Chennai)မြို့၏ အရှေ့-အရှေ့တောင်ဘက် ရေမိုင် (၁၅၀)မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။

(၂)      မုန်တိုင်းငယ် (Depression)၏ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေမရှိပါသဖြင့် အဝါရောင်အဆင့်ဟု သတ်မှတ်ပါသည်။

(ခ)     မုန်တိုင်းငယ်(Depression)၏ တည်နေရာ၊ ဗဟိုချက် လေဖိအားနှင့် လေတိုက်နှုန်း

အဆိုပါ မုန်တိုင်းငယ်(Depression)သည် မြန်မာစံတော်ချိန် (၀၃:၃၀)နာရီအချိန်တွင်မြောက်လတ္တီကျု(၁၁.၅)ဒီဂရီနှင့် အရှေ့လောင်ဂျီကျု (၈၂.၃)ဒီဂရီတွင်ရှိပြီး၊ ဗဟိုချက်လေဖိအား (၁၀၀၃)ဟက်တိုပါစကယ်နှင့် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင်(၃၀)မှ (၃၅)မိုင်နှုန်းခန့် ဖြစ်ပါသည်။    

(ဂ)     နောက်(၃၆)နာရီအတွင်းခန့်မှန်းချက်

အဆိုပါ မုန်တိုင်းငယ် (Depression)သည်အနောက်တောင်ဘက်သို့ ဆက်လက်ရွေ့လျားပြီးအိန္ဒိယနိုင်ငံ၊တမီးလ်နာဒူး(Tamil Nadu)မြောက်ပိုင်းကမ်းခြေသို့ ဦးတည်ကာ၊ နောက်(၃၆)နာရီအတွင်းလေဖိအားနည်းရပ်ဝန်း (Low PressureArea) အဖြစ်သို့တစ်ဖြည်းဖြည်း အားလျော့သွားမည်ဟု ခန့်မှန်းရပါသည်။