DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

Main menu

၂၅-၁၀-၂၀၂၅:  ယနေ့မြန်မာစံတော်ချိန် ၁၇:၃၀ နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်း (Low Pressure Area) သည် ဆက်လက်တည်ရှိနေပါသည်။ အဆိုပါ လေဖိအားနည်းရပ်ဝန်းသည် အနောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားနိုင်ပြီး ပိုမိုအားကောင်းလာနိုင်ကာ ၂၅-၁၀-၂၀၂၅ ရက်နေ့၌ ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော် အလယ်ပိုင်းတို့တွင် မုန်တိုင်းငယ် (Depression) အဖြစ်သို့လည်းကောင်း၊ ၂၆-၁၀-၂၀၂၅ ရက်နေ့၌ အားကောင်းသောမုန်တိုင်းငယ် (Deep Depression) အဖြစ်သို့လည်းကောင်း၊ ၂၇-၁၀-၂၀၂၅ ရက်နေ့၌ ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းနှင့် ယင်းနှင့် ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းတို့တွင် ဆိုင်ကလုန်းမုန်တိုင်း (Cyclonic Storm) အဖြစ်သို့ လည်းကောင်း  ရောက်ရှိနိုင်သည်ဟု ခန့်မှန်းရပါသည်။ ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းနှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်း တို့တွင် တိမ်ထူထပ်နေပြီး ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းနှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အနည်းငယ်မှ တိမ်အသင့် အတင့် ဖြစ်ထွန်းနေပါသည်။

 

ထူးခြားမြစ်ရေအခြေအနေသတင်း

ထူးခြားမြစ်ရေအခြေအနေသတင်း

(၂၀၂၂ခုနှစ်၊ ဧပြီလ (၅) ရက်၊  (၁၅:၀၀)နာရီအချိန်ထုတ်ပြန်ချက်)

      ဧရာဝတီမြစ်ရေသည် မြစ်ကြီးနားမြို့တွင် ၂၀၂၂ခုနှစ်၊ ဧပြီလ (၅)ရက်နေ့ (၁၂:၃၀)နာရီအချိန် တိုင်းထွာချက်အရ ယင်းမြို့တွင် (၆၂၀)စင်တီမီတာသို့ ရောက်ရှိခဲ့ကာ ဧပြီလ ()ရက်နေ့မှ (၃)ရက် နေ့အတွင်း (၈)ပေခွဲခန့်မြင့်တက်ခဲ့ပြီး၊ ဧပြီလ(၄)ရက်နေ့တွင် (၄)ပေခန့် ပြန်လည်ကျဆင်းခဲ့ပါသည်။ အဆိုပါမြစ်ရေသည် ဧပြီလ()ရက်နေ့တွင် (၉)ပေခန့် ပြန်လည်မြင့်တက်ခဲ့ပါသည်။

    ဧရာဝတီမြစ်အထက်ပိုင်းတွင် မြင့်တက်ခဲ့သော အဆိုပါမြစ်ရေများသည် နောက်(၁)ရက်မှ () ရက်အတွင်း ဗန်းမော်မြို့၊ ရွှေကူမြို့နှင့် ကသာမြို့တို့တွင် (၈)ပေမှ (၉)ပေခန့်၊ နောက်(၇)ရက် အတွင်း သပိတ်ကျင်းမြို့၊ မန္တလေးမြို့၊ စစ်ကိုင်းမြို့နှင့် မြင်းမူမြို့တို့တွင် (၁၀)ပေမှ (၁၂)ပေခန့်၊ နောက်(၁၀)ရက်အတွင်း ပခုက္ကူမြို့၊ ညောင်ဦးမြို့၊ ချောက်မြို့၊ မင်းဘူးမြို့၊ မကွေးမြို့နှင့် အောင်လံ မြို့တို့တွင် (၈)ပေမှ (၁၀)ပေခန့်၊ နောက်(၁၃)ရက်အတွင်း ပြည်မြို့၊ ဆိပ်သာမြို့၊ ဟင်္သာတမြို့နှင့် ဇလွန်မြို့တို့တွင် (၆)ပေမှ (၇)ပေခွဲခန့် လက်ရှိရေမှတ်များ အထက်မြင့်တက်လာနိုင်ပါသည်။

    သို့ဖြစ်ပါ၍ မြစ်ကြောင်းများအတွင်း သွားလာနေကြသည့် ရေယာဉ်၊ လှေ၊ သင်္ဘောများ အနေဖြင့် ဂရုပြုသင့်ပါကြောင်းနှင့် သဲသောင်ခုံများတွင် စိုက်ပျိုးနေထိုင်ကြသူများအနေဖြင့်လည်း မြစ်ရေ တိုးလာနိုင်မှုကို ဂရုပြုနေထိုင်သင့်ပါကြောင်း အကြံပြုအပ်ပါသည်။

 

Burmese