DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

Main menu

၃၀-၆-၂၀၂၅:  ယနေ့မြန်မာစံတော်ချိန် ၁၂:၃၀ နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်းနှင့် ယင်းနှင့် ဆက်စပ်လျက်ရှိသော အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလားပြည်နယ်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံကမ်းခြေတို့၌ ဖြစ်ပေါ်နေ‌သော လေဖိအားနည်းရပ်ဝန်း (Low Pressure Area) သည် အနောက်ဘင်္ဂလားပြည်နယ်ကမ်းရိုးတန်းတွင် ဆက်လက်တည်ရှိနေပါသည်။ အဆိုပါ လေဖိအားနည်းရပ်ဝန်းသည် အနောက်-အနောက်မြောက်ဘက်သို့ ဖြည်းညှင်းစွာ ရွေ့လျားနိုင်ပြီး၊ နောက် ၂ ရက်အတွင်း အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလားပြည်နယ်၊ ဩရိဿပြည်နယ်မြောက်ပိုင်းနှင့် ဂျက်ခမ်းပြည်နယ်တို့ကို ဆက်လက် ဖြတ်ကျော်နိုင်သည်ဟု ခန့်မှန်းရပါသည်။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားကောင်းရာမှ အားအလွန်ကောင်းနေပါသည်။

 

Earthquake News

မြေငလျင်သတင်း

၂၀၂၂ ခုနှစ်၊ ဇွန်လ (၅)ရက်နေ့၊ မြန်မာစံတော်ချိန် (၀၁)နာရီ၊ (၂၃)မိနစ်၊ (၃၄)စက္ကန့် အချိန်တွင် ကျိုင်းတုံမြေငလျင်စခန်းမှ အနောက်မြောက်ဘက် (၃၇)မိုင်ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (မိုင်းပြင်းမြို့၏ အရှေ့မြောက်ဘက် မိုင်(၂၀)ခန့်အကွာ) မြောက်လတ္တီတွဒ် (၂၁.၆၁)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၉.၁၄)ဒီဂရီ၊ အနက် (၁၀)ကီလိုမီတာကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး (၃.၈)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှား သွားကြောင်း တိုင်းထွာရရှိပါသည်။