DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

Main menu

၃၀-၆-၂၀၂၅:  ယနေ့မြန်မာစံတော်ချိန် ၁၇:၃၀ နာရီအချိန် တိုင်းထွာချက်များအရ အိန္ဒိယ နိုင်ငံ၊ အနောက်ဘင်္ဂလားပြည်နယ်ကမ်းရိုးတန်းတွင် ဖြစ်ပေါ်နေ‌သော လေဖိအားနည်းရပ်ဝန်း (Low Pressure Area) သည် အနောက်-အနောက်မြောက်ဘက်သို့ ဖြည်းညှင်းစွာ ရွေ့လျားနိုင်ပြီး၊ နောက် ၂ ရက်အတွင်း အိန္ဒိယ နိုင်ငံ၊ ဩရိဿပြည်နယ်မြောက်ပိုင်း၊ အနောက်ဘင်္ဂလားပြည်နယ်နှင့် ဂျက်ခမ်းပြည်နယ်တို့ကို ဆက်လက် ဖြတ်ကျော်နိုင်ကာ တဖြည်းဖြည်း အားလျော့သွားမည်ဟု ခန့်မှန်းရပါသည်။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလား ပင်လယ်အော်တို့တွင် မုတ်သုံလေ အားကောင်းရာမှ အားအလွန်ကောင်းနေပါသည်။

 

Earthquake News

မြေငလျင်သတင်း

(မြန်မာစံတော်ချိန် ၂၃:၁၀ နာရီ အချိန်ထုတ်ပြန်ချက်)

၂၀၂၂ ခုနှစ်၊ ဇူလိုင်လ (၅) ရက်နေ့၊ မြန်မာစံတော်ချိန် (၂၂)နာရီ၊ (၅၉)မိနစ်၊ (၅၈)စက္ကန့် အချိန် တွင် နေပြည်တော်မြေငလျင်စခန်းမှ အနောက်တောင်ဘက် (၇၂) မိုင်ခန့်အကွာ၊ မြန်မာနိုင်ငံ ပြည်တွင်း (သရက်မြို့၏ တောင်-အရှေ့တောင်ဘက် မိုင်(၁၁) ခန့်အကွာ)၊ မြောက်လတ္တီတွဒ် (၁၉.၁၇) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၅.၂၃)ဒီဂရီ၊ အနက် (၁၀)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၃.၅) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိပါသည်။