Earthquake Nwews

မြေငလျင်သတင်း

(မြန်မာစံတော်ချိန် ၁၂း၀၀ နာရီ အချိန်ထုတ်ပြန်ချက်)

 

၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ (၂၂)ရက်နေ့၊ မြန်မာစံတော်ချိန် (၁၁)နာရီ(၄၆)မိနစ်(၅၉)စက္ကန့် အချိန်တွင် မြစ်ကြီးနားမြေငလျင်စခန်းမှ အရှေ့မြောက်ဘက် (၄၄၆)မိုင်ခန့် ကွာဝေး သော မြန်မာနိုင်ငံပြည်ပ (Sichuan, China)၊ မြောက်လတ္တီတွဒ် (၃၀.၂၄)ဒီဂရီ၊ အရှေ့လောင်ဂျီ တွဒ် (၁၀၂.၄၄)ဒီဂရီ၊ အနက် (၁၀)ကီလိုမီတာခန့်ကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၅.၁) အဆင့်ရှိ အင်အားအသင့်အတင့်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိပါ သည်။