ပင်လယ်ပြင်ခရီးအတွက် မိုးလေ၀သခန့်မှန်းချက်

ပင်လယ်ပြင်ခရီးအတွက် မိုးလေ၀သခန့်မှန်းချက်

(၂၀၂၂ ခုနှစ် အောက်တိုဘာလ (၂၅)ရက်နေ့၊ နံနက်(၁၀:၃၀)နာရီအချိန် ထုတ်ပြန်ချက်)

ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ ယနေ့မြန်မာစံတော်ချိန် (၀၉:၀၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကုန်းတွင်းပိုင်းတွင် ဖြစ်ပေါ်နေသော အားကောင်းသောမုန်တိုင်းငယ် (Deep Depression)သည် မြောက်-အရှေ့မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ အရှေ့မြောက်ပိုင်း၌ ကုန်းတွင်းမုန်တိုင်းငယ်(Land Depression) အဖြစ်သို့ အားလျော့သွားခဲ့ပြီး ဖြစ်ပါသည်။ အဆိုပါ ကုန်းတွင်းမုန်တိုင်းငယ် (Land Depression)သည် မြောက်-အရှေ့မြောက်ဘက်သို့ ဆက်လက်ရွေ့လျားပြီး၊ အားကောင်းသောလေဖိအားနည်းရပ်ဝန်း(Well Marked Low Pressure Area)အဖြစ်သို့ အားလျော့သွားမည်ဖြစ်ပါသည်။ ဘင်္ဂလား ပင်လယ်အော်အရှေ့အလယ်ပိုင်းတွင် တိမ်ထူထပ်နေပြီး၊ ကပ္ပလီပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလားပင်လယ်အော်တွင် တိမ်အသင့် အတင့် ဖြစ်ထွန်းနေပါသည်။

ရန်ကုန်မှ တနင်္သာရီကမ်းရိုးတန်းတစ်‌​လျှောက် ပင်လယ်ပြင်ခရီးအတွက် မိုးလေ၀သခန့်မှန်းချက်

ယနေ့မွန်းတည့်မှ နောက်(၂၄)နာရီအတွင်းခန့်မှန်းချက်

 

မိုးလေ၀သအ‌ခြေအနေ။  နေရာကျဲကျဲ မိုးထစ်ချုန်းရွာမည်။

အမြင်တာ။                   (၄)မိုင်၊ မိုးရွာစဉ် (၁)မိုင်ခန့်။

ရေပြင်လေ။                    တောင်(သို့) အရှေ့တောင်၊ တစ်နာရီပင်လယ်မိုင်(၁၀ - ၁၅)မိုင်၊ တစ်ခါတစ်ရံ (၂၅)မိုင်။

လှိုင်းအ‌ခြေအနေ။           လှိုင်းအသင့်အတင့်ရှိမည်။

လှိုင်းအမြင့်။                  (၅)ပေမှ (၈)ပေခန့်။

ရန်ကုန်မှ ရခိုင်ကမ်းရိုးတန်းတစ်လျှောက် ပင်လယ်ပြင်ခရီးအတွက် မိုးလေ၀သခန့်မှန်းချက်

ယနေ့မွန်းတည့်မှ နောက်(၂၄)နာရီအတွင်း ခန့်မှန်းချက်

မိုးလေ၀သအ‌ခြေအနေ။  နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ နေရာကွက်၍ မိုးကြီးနိုင်ပါသည်။

အမြင်တာ။                   (၃)မိုင်၊ မိုးရွာစဉ် မိုင်ဝက်ခန့်။

ရေပြင်လေ။                  တောင်(သို့) အနောက်တောင်၊ တစ်နာရီပင်လယ်မိုင်(၁၅-၂၀)မိုင်၊ တစ်ခါတစ်ရံ မိုင်(၄၀)။

လှိုင်းအ‌ခြေအနေ။          လှိုင်းကြီးမည်။

လှိုင်းအမြင့်။                 (၉)ပေမှ (၁၂)ပေခန့်။