DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

Main menu

၁၂-၉-၂၀၂၅: ယနေ့မြန်မာစံတော်ချိန် ၁၅:၃၀ နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်း(အိန္ဒိယနိုင်ငံ၊ ဩရိဿပြည်နယ်‌တောင်ပိုင်းကမ်းလွန်-အင်ဒရာပရာဒေ့ရှ်မြောက်ပိုင်း ကမ်းခြေ)တို့တွင် လေဖိအားနည်းရပ်ဝန်း(Low Pressure Area) တစ်ခု ဖြစ်ပေါ်နေပါသည်။ အဆိုပါ လေဖိအားနည်းရပ်ဝန်းသည် အနောက်-အနောက် မြောက်ဘက်သို့ ရွေ့လျားနိုင်ပြီး နောက် ၂ ရက်အတွင်း ဩရိဿပြည်နယ်‌တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော အင်ဒရာပရာဒေ့ရှ်မြောက်ပိုင်းနှင့် ချက်တစ်ဂတ်ပြည်နယ်တောင်ပိုင်းတို့ကို ဖြတ်ကျော်နိုင်သည်ဟု ခန့်မှန်းရပါသည်။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အား အသင့်အတင့် ရှိနေပါသည်။

 

Earthquake News

မြေငလျင်သတင်း

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ (၂၈)ရက်နေ့၊ မြန်မာစံတော်ချိန် (၁၀)နာရီ၊ (၄၈)မိနစ်၊ (၀၃) စက္ကန့်အချိန်တွင် တမူးမြေငလျင်စခန်းမှ တောင်-အရှေ့တောင်ဘက် (၆၂)မိုင် ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (ကလေးဝမြို့၏ မြောက်-အရှေ့မြောက်ဘက် ()မိုင် ခန့်အကွာ) မြောက်လတ္တီတွဒ် (၂၃.၃၃)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၄.၃၄)ဒီဂရီ၊ အနက် (၇၅)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၄.၁) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိပါသည်။