DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

Main menu

 ၆-၅-၂၀၂၄  ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ် နေပြီး၊ ကပ္ပလီပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပါသည်။

အားကောင်းသောလေဖိအားနည်းရပ်ဝန်းအခြေအနေ

အားကောင်းသောလေဖိအားနည်းရပ်ဝန်းအခြေအနေ

(၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ  ၂၉  ရက်နေ့ မြန်မာစံတော်ချိန်(၁၁:၀၀)နာရီအချိန်ထုတ်ပြန်ချက်)

"ယနေ့မြန်မာစံတော်ချိန် (၁၀:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော အီကွေတာအနီး အိန္ဒိယသမုဒ္ဒရာ အရှေ့ပိုင်းတို့တွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်း(Low Pressure Area)သည် ပိုမိုအားကောင်းလာကာ အားကောင်းသောလေဖိအားနည်းရပ်ဝန်း (Well Marked Low Pressure Area)အဖြစ်သို့ ရောက်ရှိခဲ့ပါသည်။ အဆိုပါ အားကောင်းသောလေဖိအားနည်း ရပ်ဝန်း (Well Marked Low Pressure Area)သည် အနောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားနိုင်ပြီး၊ (၃၀.၁.၂၀၂၃)ရက်နေ့တွင် ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်း၌ မုန်တိုင်းငယ်(Depression)အဖြစ်သို့ ပိုမိုအားကောင်းလာနိုင်ကာ၊ (၁.၂.၂၀၂၃)ရက်နေ့တွင် သီရိလင်္ကာနိုင်ကမ်းခြေအနီးသို့ ရောက်ရှိနိုင်သည်ဟု ခန့်မှန်းရပါသည်။"