Earthquake News

မြေငလျင်သတင်း

၂၀၂၃ ခုနှစ်၊ မတ်လ (၂၁) ရက်နေ့၊ မြန်မာစံတော်ချိန် (၂၃) နာရီ၊ (၁၇) မိနစ်၊ (၂၄) စက္ကန့် အချိန်တွင် တမူးမြေငလျင်စခန်းမှ အနောက်မြောက်ဘက် (၁၆၂၄) မိုင်ခန့် ကွာဝေးသော မြန်မာနိုင်ငံပြည်(Afghanistan)၊ မြောက်လတ္တီတွဒ် (၃၆.၅၆) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၇၀.၉၉) ဒီဂရီ၊ အနက် (၁၈၅) ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၆.၅) အဆင့်ရှိ အင်အားပြင်းထန်သော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိပါသည်။