DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

Main menu

၂၅-၇-၂၀၂၅: ယနေ့မြန်မာစံတော်ချိန် ၀၅:၃၀ နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလား ပင်လယ်အော်မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသော အားကောင်းသောလေဖိအားနည်းရပ်ဝန်း (Well Marked Low Pressure Area) သည် ဆက်လက်တည်ရှိနေပါသည်။ အဆိုပါ အားကောင်းသောလေဖိအားနည်းရပ်ဝန်းသည် အနောက်-အနောက် မြောက်ဘက်သို့ ဆက်လက်ရွေ့လျားနိုင်ပြီး၊ နောက် ၁၈ နာရီအတွင်း အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလားပြည်နယ်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံကမ်းခြေတို့တွင် ပိုမိုအားကောင်းလာနိုင်ကာ မုန်တိုင်းငယ် (Depression) အဖြစ်သို့ ရောက်ရှိနိုင်ပါ သည်။ ထိုမှတစ်ဆင့် နောက် ၂ ရက်အတွင်း အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလားပြည်နယ်၊ ဩရိဿပြည်နယ်မြောက်ပိုင်း၊ ဂျက်ခမ်းပြည်နယ်နှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ချက်တစ်ဂတ်ပြည်နယ်မြောက်ပိုင်းတို့သို့ ဖြတ်ကျော်နိုင်သည်ဟု ခန့်မှန်းရပါသည်။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားအလွန်ကောင်းနေပါသည်။

 

လပတ်နှင့်ပထမ(၁၀)ရက်ပတ်မြစ်ရေခန့်မှန်းချက်

၂၀၁၅ ခုနှစ်၊ဧပြီလ အတွက်ခန့်မှန်းချက်

(၂၈-၃-၂၀၁၅ ရက်နေ့ထုတ်ပြန်သည်)

ဧရာဝတီမြစ်ရေသည် မြစ်ကြီးနားမြို့၊ ဗန်းမော်မြို့နှင့် ကသာမြို့တို့တွင်(၃)ပေမှ (၅)ပေခန့်၊ မန္တလေးမြို့၊့ စစ်ကိုင်းမြို့၊ ပခုက္ကူမြို့နှင့် ညောင်ဦးမြို့တို့တွင်(၁)ပေခွဲမှ (၂)ပေခွဲခန့်နှင့် ချောက်မြို့၊ မင်းဘူးမြို့၊ မကွေးမြို့၊အောင်လံမြို့၊ ပြည်မြို့၊  ဆိပ်သာမြို့၊ဟင်္သာတမြို့နှင့် ဇလွန်မြို့  တို့တွင်(၁)ပေမှ (၁)ပေခွဲခန့် လက်ရှိရေမှတ်များ၏ အထက် မြင့်တက်လာနိုင်ပါသည်။

ချင်းတွင်းမြစ်ရေသည် ခန္တီးမြို့နှင့် ဟုမ္မလင်းမြို့တို့တွင်(၁)ပေမှ(၂)ပေခန့် မော်လိုက်မြို့၊ ကလေးဝမြို့နှင့် မုံရွာမြို့တို့တွင် ပေဝက်မှ(၁)ပေခန့် လက်ရှိရေမှတ်များ‌၏ အထက် မြင့်တက်လာနိုင်ပါသည်။

 

၂၀၁၅ ခုနှစ်၊ဧပြီလ ပထမ (၁၀) ရက်ပတ် မြစ်ရေအခြေအနေခန့်မှန်းချက်

(၂၈-၃-၂၀၁၅ ရက်နေ့ထုတ်ပြန်သည်)

ဧရာဝတီမြစ်ရေသည် မြစ်ကြီးနားမြို့၊ ဗန်းမော်မြို့နှင့် ကသာမြို့တို့တွင်(၁)ပေမှ (၂)ပေခန့်၊ မန္တလေးမြို့၊့ စစ်ကိုင်းမြို့၊ ပခုက္ကူမြို့၊ ညောင်ဦးမြို့၊ ချောက်မြို့၊ မင်းဘူးမြို့၊ မကွေးမြို့၊ အောင်လံမြို့၊ ပြည်မြို့၊  ဆိပ်သာမြို့၊ ဟင်္သာတမြို့နှင့် ဇလွန်မြို့ တို့တွင်  ‌ပေဝက်မှ(၁)ပေခန့် လက်ရှှိ‌ရေမှတ်များ၏ အထက်မြင့်တက်လာနိုင်ပါသည်။

ချင်းတွင်းမြစ်ရေသည် ခန္တီးမြို့နှင့် ဟုမ္မလင်းမြို့တို့တွင်(၁)ပေခန့်၊ မော်လိုက်မြို့၊ ကလေးဝမြို့နှင့် မုံရွာမြို့တို့တွင် ပေဝက်ခန့်လက်ရှိရေမှတ်များ‌၏ အထက်မြင့်တက်လာ နိုင်ပါသည်။