DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန

Main menu

၉-၁-၂၀၂၆ : ယနေ့မြန်မာစံတော်ချိန် ၀၅:၃၀ နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလား ပင်လယ်အော်အနောက်တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော အီကွေတာအနီး အရှေ့အိန္ဒိယသမုဒ္ဒရာ တို့တွင် ဖြစ်ပေါ်နေသော အားကောင်းသောမုန်တိုင်းငယ် (Deep Depression) သည် အနောက်မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းသို့ ရောက်ရှိခဲ့ကာ မြန်မာနိုင်ငံ၊ ကိုကိုးကျွန်းမြို့ (Coco Island) ၏ အနောက်တောင်ဘက် ရေမိုင် ၈၄၅ မိုင်ခန့်၊ သီရိလင်္ကာနိုင်ငံ၊ ထရီကိုမာလီမြို့ (Trincomalee) ၏ အရှေ့တောင်ဘက် ရေမိုင် ၁၈၀ မိုင်ခန့်နှင့် အိန္ဒိယနိုင်ငံ၊ ပူဒူချယ်ရီမြို့ (Puducherry) ၏ တောင်-အရှေ့တောင်ဘက် ရေမိုင် ၄၂၀ မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။ အဆိုပါ အားကောင်းသောမုန်တိုင်းငယ်သည် အနောက် မြောက်ဘက်သို့ ဆက်လက်ရွေ့လျားနိုင်ပြီး နောက် ၂၄ နာရီအတွင်း သီရိလင်္ကာနိုင်ငံကမ်းခြေကို ပေါ့တူဗီလ်မြို့ (Pottuvil) နှင့် ထရီကိုမာလီမြို့ (Trincomalee) တို့အကြားမှ ဖြတ်ကျော်နိုင်သည်ဟု ခန့်မှန်းရပါသည်။ ကပ္ပလီ ပင်လယ်ပြင်မြောက်ပိုင်း၊ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းနှင့် အရှေ့အလယ်ပိုင်းတို့တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပြီး ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းနှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့်အတင့်မှ တိမ် ထူထပ်နေပါသည်။

 

၂၀၁၅ခုနှစ်၊ ဧပြီလ လပတ်အတွက်မိုးလေဝသခန့်မှန်းချက်

၂၀၁၅ခုနှစ်၊ မေလ လပတ်အတွက်မိုးလေဝသခန့်မှန်းချက်

(၂၈- ၄-၂၀၁၅)ရက်နေ့တွင် ထုတ်ပြန်ပါသည်။

ဘင်္ဂလားပင်လယ်အော်အခြေအနေ။ အနောက်တောင်မုတ်သုံလေသည် မေလဒုတိယ(၁၀)ရက်ပတ်

အတွင်းမြန်မာနိုင်ငံတောင်ပိုင်းဒေသများသို့လည်းကောင်း၊မေလတတိယ(၁၀)ရက်ပတ်အတွင်း

မြစ်ဝကျွန်းပေါ်ဒေသများနှင့် မြန်မာနိုင်ငံအလယ်ပိုင်းဒေသများသို့လည်းကောင်း၊ အသီးသီး

ဝင်ရောက်နိုင်ပါသည်။ ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်း(၂)ကြိမ်ဖြစ်ပေါ်နိုင်ပြီး၊

(၁)ကြိမ်တွင်ပိုမိုအားကောင်းလာကာမုန်တိုင်းငယ်အဖြစ်သို့ရောက်ရှိနိုင်ပါသည်။ ယင်းကာလအတွင်း

အနောက်တောင်မုတ်သုံလေသည် အားအသင့်အတင့် ရှိနိုင်ပါသည်။ကပ္ပလီပင်လယ်ပြင်နှင့်

ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နိုင်ပြီး၊

ကျန်ဘင်္ဂလားပင်လယ်အော်တွင်တိမ်အသင့်အတင့် ဖြစ်ထွန်းနိုင်ပါသည်

မိုးအခြေအနေနှင့် မိုးရွာရက်။  မိုးရွာသွန်းမှုအခြေအနေမှာ ရခိုင်ပြည်နယ်တွင် ရွာသွန်းမြဲထက်ပိုပြီး၊

စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)နှင့် ချင်းပြည်နယ်တို့တွင်ရွာသွန်းမြဲ

အောက်လျော့ကာ၊ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင်ရွာသွန်းမြဲခန့်ရွာနိုင်ပါသည်။

စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်နှင့်

ချင်းပြည်နယ်တို့တွင်(၈)ရက်မှ(၁၂)ရက်ခန့်နှင့် ကျန်တိုင်းဒေသကြီးနှင့်ပြည်နယ်တို့တွင်(၁၃)ရက်မှ(၁၆)ရက်ခန့်

မိုးထစ်ချုန်းရွာနိုင်ပါသည်။

နေ့အပူချိန်အခြေအနေ

စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊မန္တလေးတိုင်းဒေသကြီး၊မကွေးတိုင်းဒေသကြီး၊ပဲခူးတိုင်း

ဒေသကြီး၊ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင် မေလ၏

ပျမ်းမျှအပူချိန်တို့ထက်ပိုပြီး၊ ကျန်တိုင်းဒေသကြီးနှင့်ပြည်နယ်တို့တွင်မေလ၏ပျမ်းမျှ

အပူချိန် ခန့်သာရှိနိုင်ပါသည်။