DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

Main menu

၂၆-၅-၂၀၂၄:ယနေ့မြန်မာစံတော်ချိန် (၂၁:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလား ပင်လယ်အော်မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသော အားကောင်းသောဆိုင်ကလုန်း မုန်တိုင်း(Severe Cyclonic Storm)“ရီမယ်(လ်)”(REMAL)သည် မြောက်ယွန်း ယွန်းသို့ ဆက်လက်ရွေ့လျားခဲ့ပြီး၊ မြန်မာနိုင်ငံ၊ မောင်တောမြို့(Maungdaw)၏ အနောက်-အနောက်မြောက်ဘက် ရေမိုင် ၁၈၀ မိုင်ခန့်၊ စစ်တွေမြို့(Sittwe) ၏ အနောက်-အနောက်မြောက်ဘက် ရေမိုင် ၂၂၀ မိုင်ခန့်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ခီပူပါရာမြို့ (Khepupara)၏ အနောက်တောင်ဘက် ရေမိုင် ၆၅ မိုင်ခန့်၊ မွန်ဂလမြို့(Mongla)၏ တောင်-အနောက်တောင်ဘက် ရေမိုင် ၇၀ မိုင်ခန့်၊ အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလားပြည်နယ်၊ ဆာဂါကျွန်း(Sagar Island)၏ အရှေ့-အရှေ့တောင်ဘက် ရေမိုင် ၆၅ မိုင်ခန့်၊ ဒီဂါမြို့(Digha)၏ အရှေ့-အရှေ့တောင်ဘက် ရေမိုင် ၉၅ မိုင်ခန့်နှင့် ကန်နင်းမြို့(Canning)၏ တောင်-အရှေ့တောင်ဘက် ရေမိုင် ၆၀ မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် မုတ်သုံလေ အားကောင်းနေပြီး၊ ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းတွင် မုတ်သုံလေ အားကောင်းရာမှ အားအလွန်ကောင်းနေကာ၊ ကျန်ဘင်္ဂလားပင်လယ်အော်တွင် တိမ်ထူထပ်နေပါ သည်။

Earthquake News

မြေငလျင်သတင်းထုတ်ပြန်ချက်

၂၀၁၇ ခုနှစ်၊ သြဂုတ်လ (၈)ရက်နေ့၊ မြန်မာစံတော်ချိန် (၁၉)နာရီ၊ (၄၉)မိနစ်၊ (၅၁) စက္ကန့်အချိန်တွင် မန္တလေးမြေငလျင်စခန်းမှ အရှေ့မြောက်ဘက် မိုင်(၉၀၀) ခန့် ကွာဝေးသော မြန်မာနိုင်ငံပြည်ပ (Sichuan-Gansu Border Region, China) ကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး (၆.၄) အဆင့်ရှိ အင်အားပြင်းထန်သော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိပါသည်။