DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန

Main menu

၁၆-၃-၂၀၂၆:ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အနည်းငယ်မှ တိမ်အသင့်အတင့် ဖြစ်ထွန်းနေပါသည်။

ကုန်းတွင်းမုန်တိုင်းငယ်သတင်း အမှတ်စဉ်(၁၆/၂၀၂၃)

ကုန်းတွင်းမုန်တိုင်းငယ်သတင်း အမှတ်စဉ်(၁၆/၂၀၂၃)

(၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ  ၂၅ ရက်နေ့ မြန်မာစံတော်ချိန်(၁၄:၀၀)နာရီအချိန်ထုတ်ပြန်ချက်)

(­­­က)     ကုန်းတွင်းမုန်တိုင်းငယ်(Land Depression) အခြေအနေ

(၁)     ယနေ့မြန်မာစံတော်ချိန် (၁၂:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားဒေ့ရှ် နိုင်ငံ ကုန်းတွင်းပိုင်းသို့ ရောက်ရှိခဲ့သော ဆိုင်ကလုန်းမုန်တိုင်း(Cyclonic Storm) “ဟမွန်း” (HAMOON)သည် အရှေ့မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်တွင် ကုန်းတွင်းမုန်တိုင်းငယ်(Land Depression)အဖြစ်သို့ အားလျော့သွားခဲ့ပြီးဖြစ်ပါသည်။ အဆိုပါ ကုန်းတွင်းမုန်တိုင်းငယ်သည် အရှေ့ မြောက်ဘက်သို့ ဆက်လက်ရွေ့လျားနိုင်ပြီး၊ တဖြည်းဖြည်း အားလျော့သွား မည်ဟု ခန့်မှန်းရပါသည်။

 (၂)     ယခုသတင်းသည် အားအလွန်ကောင်းသောဆိုင်ကလုန်းမုန်တိုင်း(Very Severe Cyclonic Storm) “ဟမွန်း”(HAMOON)အတွက် ထုတ်ပြန်ပေးသည့် နောက်ဆုံး သတင်း ဖြစ်ပါသည်။