မြစ်ရေကြီးခြင်းသတိပေးချက်

ရေကြီးခြင်းသတိပေးချက်

(၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၄ ရက်၊ ၁၆:၀၀ နာရီအချိန် ထုတ်ပြန်ချက်)   

ယနေ့မြန်မာစံတော်ချိန် ၁၅:၃၀ နာရီအချိန်  တိုင်းထွာချက်အရ နန့်ယင်းချောင်းရေသည် မိုးညှင်း မြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက် ၂ ပေခန့်အလိုတွင် ရောက်ရှိနေပါသည်။ အဆိုပါ ချောင်းရေသည် နောက် ၁ ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်ပါသည်။

 သို့ဖြစ်ပါ၍ မိုးညှင်းမြို့နယ်အတွင်းရှိ ချောင်းကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင်သူများအနေဖြင့် ကြိုတင်သတိပြုနိုင်ပါရန်နှင့် ချောင်းရေမြင့်တက်လာပါက အချိန်မီရှောင်ရှားနိုင်ပါရန် သတိပေးနှိုး ဆော်အပ်ပါသည်