၂၂-၁၀-၂၀၂၆ ယနေ့မြန်မာစံတော်ချိန် ၁၅:၃၀ နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလား ပင်လယ်အော်အနောက်တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော အိန္ဒိယနိုင်ငံ(တမီးလ်နာဒူးကမ်းခြေ)၊ သီရိလင်္ကာ နိုင်ငံမြောက်ပိုင်းနှင့် မန်နာပင်လယ်ကွေ့တို့တွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်း(Low Pressure Area) သည် ကိုမိုရင်းဧရိယာ(အိန္ဒိယနိုင်ငံတောင်ပိုင်းစွန်း- ကိုမိုရင်းအငူ)နှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော အိန္ဒိယနိုင်ငံ (တမီးလ်နာဒူးတောင်ပိုင်းကမ်းခြေ)နှင့် ကာရာလမ်တို့သို့ ရောက်ရှိခဲ့ပြီးဖြစ်ပါသည်။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလား ပင်လယ်အော်တို့တွင် တိမ်အသင့်အတင့် မှ တိမ်ထူထပ်နေပါသည်။
Earthquake News
မြေငလျင်သတင်းထုတ်ပြန်ချက်
(မြန်မာစံတော်ချိန် ၀၄း၃၀ နာရီအချိန် ထုတ်ပြန်ချက်)
၂၀၁၉ ခုနှစ်၊ မေလ (၂၅) ရက်နေ့၊ မြန်မာစံတော်ချိန် (၀၃)နာရီ၊ (၅၃)မိနစ်၊ (၃၉)စက္ကန့် အချိန်တွင် ကမ္ဘာအေးမြေငလျင်စခန်းမှ အနောက်တောင်ဘက် (၂၉၅) မိုင် ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်ပ (Andaman Islands, India Region) မြောက်လတ္တီတွဒ် (၁၃.၉၀)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၂.၉၁) ဒီဂရီ၊ အနက် (၁၀၇)ကီလိုမီတာကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး (၄.၇) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှား သွားကြောင်း တိုင်းထွာ ရရှိပါသည်။
မြေငလျင်သတင်းထုတ်ပြန်ချက်
၂၀၁၉ ခုနှစ်၊ မေလ (၂၂) ရက်နေ့၊ မြန်မာစံတော်ချိန် (၁၉)နာရီ၊ (၂၅)မိနစ်၊ (၅၄)စက္ကန့် အချိန်တွင် တမူးမြေငလျင်စခန်းမှ အရှေ့မြောက်ဘက် (၇၆)မိုင် ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (ဟုမ္မလင်းမြို့၏ အရှေ့မြောက်ဘက် (၁၈)မိုင် ခန့်အကွာ) မြောက်လတ္တီတွဒ် (၂၄.၉၇)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၅.၁၃) ဒီဂရီ၊ အနက် (၈၇)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၄.၂) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိပါသည်။













