၂၂-၁၀-၂၀၂၆ ယနေ့မြန်မာစံတော်ချိန် ၁၅:၃၀ နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလား ပင်လယ်အော်အနောက်တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော အိန္ဒိယနိုင်ငံ(တမီးလ်နာဒူးကမ်းခြေ)၊ သီရိလင်္ကာ နိုင်ငံမြောက်ပိုင်းနှင့် မန်နာပင်လယ်ကွေ့တို့တွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်း(Low Pressure Area) သည် ကိုမိုရင်းဧရိယာ(အိန္ဒိယနိုင်ငံတောင်ပိုင်းစွန်း- ကိုမိုရင်းအငူ)နှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော အိန္ဒိယနိုင်ငံ (တမီးလ်နာဒူးတောင်ပိုင်းကမ်းခြေ)နှင့် ကာရာလမ်တို့သို့ ရောက်ရှိခဲ့ပြီးဖြစ်ပါသည်။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလား ပင်လယ်အော်တို့တွင် တိမ်အသင့်အတင့် မှ တိမ်ထူထပ်နေပါသည်။
Earthquake News
မြေငလျင်သတင်း
(မြန်မာစံတော်ချိန် ၁၈း၃၀ နာရီအချိန် ထုတ်ပြန်ချက်)
၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ (၂)ရက်နေ့ မြန်မာစံတော်ချိန် (၁၈)နာရီ၊ (၀၀)မိနစ်၊ (၀၂)စက္ကန့် အချိန်တွင် မန္တလေး မြေငလျင်စခန်းမှ အနောက်-အနောက်မြောက်ဘက် မိုင်(၁၈၀)ခန့် ကွာဝေးသော မြန်မာနိုင်ငံ ပြည်တွင်း (ဟားခါးမြို့၏ အနောက်တောင်ဘက် (၂၃)မိုင်ခန့်အကွာ)ကို ဗဟိုပြု၍ အင်အား ရစ်ခ်တာစကေး (၄.၄) အဆင့်ရှိ အင်အား အနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာ ရရှိပါသည်။
မြေငလျင်သတင်း
(မြန်မာစံတော်ချိန် ၂၀း၃၀ နာရီအချိန်ထုတ်ပြန်ချက်)
၂၀၁၅ ခုနှစ်၊ စက်တင်ဘာလ (၈)ရက်နေ့ မြန်မာစံတော်ချိန် (၁၉)နာရီ၊ (၅၉)မိနစ်၊ (၄၁)စက္ကန့်အချိန်တွင်
မန္တလေးမြေငလျင်စခန်းမှ အရှေ့တောင်ဘက် (၂၆၅)မိုင်ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း













