၂၅-၁၀-၂၀၂၆ ယနေ့မြန်မာစံတော်ချိန် ၁၀:၃၀ နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသောဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းတို့တွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ် (Depression) သည် တောင်-အရှေ့တောင်ဘက်သို့ ရွေ့လျားခဲ့ပြီး မြန်မာနိုင်ငံ၊ ကိုကိုးကျွန်းမြို့ (Coco Island)၏ အနောက်-အနောက်မြောက်ဘက် ရေမိုင် ၁၄၀ မိုင်ခန့်၊ အိန္ဒိယနိုင်ငံ၊ ဗီဆာကာပတ္တနမ်မြို့ (Visakhapatnam)၏ အရှေ့-အရှေ့တောင်ဘက် ရေမိုင် ၄၈၀ မိုင်ခန့်နှင့် ကာကီနာဒါမြို့(Kakinada)၏ အရှေ့-အရှေ့တောင်ဘက် ရေမိုင် ၅၃၀ မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။ ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းတွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပြီး ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းနှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပါသည်။
Earthquake News
မြေငလျင်သတင်း
၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ (၂၆) ရက်နေ့၊ မြန်မာစံတော်ချိန် (၀၁)နာရီ၊ (၁၇)မိနစ်၊ (၃၄)စက္ကန့် အချိန်တွင် ညောင်ဦးမြေငလျင်စခန်းမှ အနောက်မြောက်ဘက် (၆၄)မိုင် ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (ဂန့်ဂေါမြို့၏ အရှေ့တောင်ဘက် (၂၃)မိုင်ခန့်အကွာ) မြောက်လတ္တီတွဒ် (၂၂.၀၂)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၄.၄၅) ဒီဂရီ၊ အနက် (၆၉)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၃.၉) အဆင့်ရှိ အင်အားအနည်းငယ် ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိပါသည်။
မြေငလျင်သတင်းထုတ်ပြန်ချက်
၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ (၂၅) ရက်နေ့၊ မြန်မာစံတော်ချိန် (၀၁)နာရီ၊ (၃၁)မိနစ်၊ (၃၀)စက္ကန့် အချိန်တွင် ဟားခါးမြေငလျင်စခန်းမှ အရှေ့မြောက်ဘက် (၅၇) မိုင်ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (ကလေးမြို့၏ အရှေ့တောင်ဘက် (၂၇)မိုင်ခန့်အကွာ)
မြောက်လတ္တီတွဒ် (၂၂.၉၉)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၄.၄၂) ဒီဂရီ၊ အနက် (၃၆)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၃.၇) အဆင့်ရှိ အင်အားအနည်းငယ် ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိပါသည်။
မြေငလျင်သတင်း
၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ (၁၉) ရက်နေ့၊ မြန်မာစံတော်ချိန် (၂၃)နာရီ၊ (၀၁)မိနစ်၊ (၃၆)စက္ကန့် အချိန်တွင် တမူးမြေငလျင်စခန်းမှ တောင်ဘက် (၆၈) မိုင်ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (ကလေးဝမြိ့ု၏ အရှေ့မြောက်ဘက် (၄)မိုင်ခန့်အကွာ) မြောက်လတ္တီတွဒ် (၂၃.၂၃)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၄.၃၅) ဒီဂရီ၊ အနက် (၆၁)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၄.ဝ) အဆင့်ရှိ အင်အားအနည်းငယ် ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိပါသည်။
မြေငလျင်သတင်း
၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ (၁၆)ရက်နေ့၊ မြန်မာစံတော်ချိန် (၁၁)နာရီ၊ (၁၆)မိနစ်၊ (၁၃)စက္ကန့် အချိန်တွင် မြစ်ကြီးနားမြေငလျင်စခန်းမှ အရှေ့မြောက်ဘက် (၄၉၆) မိုင် ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်ပ (Sichuan, China) မြောက်လတ္တီတွဒ် (၂၈.၃၄) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၁၀၄.၈၄) ဒီဂရီ၊ အနက်(၄၇) ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၅.၄)အဆင့်ရှိ အင်အားအသင့်အတင့်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိပါသည်။
မြေငလျင်သတင်းထုတ်ပြန်ချက်
၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ (၁၅) ရက်နေ့၊ မြန်မာစံတော်ချိန် (၂၃)နာရီ၊ (၁၇)မိနစ်၊ (၅၇)စက္ကန့် အချိန်တွင် တမူးမြေငလျင်စခန်းမှ အရှေ့မြောက်ဘက် (၅၁) မိုင်ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (ဟုမ္မလင်းမြို့၏ တောင်-အနောက်တောင်ဘက် (၁၀)မိုင်ခန့်အကွာ) မြောက်လတ္တီတွဒ် (၂၄.၇၄)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၄.၈၈) ဒီဂရီ၊ အနက် (၆၅)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၄.၃) အဆင့်ရှိ အင်အားအနည်းငယ် ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိပါသည်။
မြေငလျင်သတင်း
၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ (၁၃)ရက်နေ့၊ မြန်မာစံတော်ချိန် (၂၂)နာရီ၊ (၀၂)မိနစ်၊ (၅၆)စက္ကန့် အချိန်တွင် မြစ်ကြီးနားမြေငလျင်စခန်းမှ မြောက်-အရှေ့မြောက်ဘက် (၂၉၉) မိုင် ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်ပ (Xizang, China) မြောက်လတ္တီတွဒ် (၂၉.၇၃) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၈.၆၅) ဒီဂရီ၊ အနက်(၃၅) ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၅.၁)အဆင့်ရှိ အင်အားအသင့်အတင့်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိပါသည်။













