၂၄-၁၀-၂၀၂၆ ယနေ့မြန်မာစံတော်ချိန် ၁၇:၃၀ နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းတို့တွင် ဖြစ်ပေါ်နေသော အားကောင်းသော လေဖိအားနည်းရပ်ဝန်း(Well Marked Low Pressure Area)သည် ဆက်လက်တည်ရှိနေပါသည်။ အဆိုပါ အားကောင်းသော လေဖိအားနည်းရပ်ဝန်းသည် နောက် ၁၂ နာရီအတွင်း ပိုမိုအားကောင်းလာနိုင်ပြီး မုန်တိုင်းငယ်အဖြစ်သို့လည်းကောင်း၊ ထိုမှတစ်ဆင့် အနောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားနိုင်ကာ ၂၅-၁၀-၂၀၂၆ ရက်နေ့တွင် အားကောင်းသောမုန်တိုင်းငယ်အဖြစ်သို့ လည်းကောင်း၊ ၂၆-၁၀-၂၀၂၆ရက်နေ့တွင် ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းသို့ ရောက်ရှိနိုင်ပြီး ဆိုင်ကလုန်းမုန်တိုင်း အဖြစ်သို့လည်းကောင်း၊ ၂၈-၁၀-၂၀၂၆ ရက်နေ့တွင် ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်း-အိန္ဒိယနိုင်ငံ၊ အင်ဒရာပရာဒေ့ရှ် ကမ်းခြေအနီးတို့သို့ ရောက်ရှိနိုင်သည်ဟု ခန့်မှန်းရပါသည်။ ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းတွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပြီး ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းနှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပါသည်။
မိုးဦး၊မိုးလယ်၊မိုးနှောင်း/ဆောင်းရာသီကာလ ယေဘုယျ မိုးလေ၀သခန့်မှန်းချက်
၂၀၁၅ခုနှစ်၊ မိုးလယ်ကာလခန့်မှန်းချက်
(၂၈.၆.၂၀၁၅)
၂၀၁၅ခုနှစ်၊မိုးရာသီကာလအတွက်ယေဘုယျခန့်မှန်းချက်
အနောက်တောင် မုတ်သုံလေ ဝင်ရောက်ခြင်း၊ ဆုတ်ခွာခြင်း အခြေအနေ
အနောက်တောင်မုတ်သုံလေသည်၂၀၁၅ ခုနှစ်၊ဇွန်လပထမ(၁၀)ရက်ပတ်(မြန်မာသက္ကရာဇ်၁၃၇၇ ခုနှစ်၊
နယုန်လပြည့်ကျော်ခန့်)တွင်မြန်မာတစ်နိုင်ငံလုံးသို့ဝင်ရောက်ဖွယ်ရာရှိပါသည်။၂၀၁၅ခုနှစ်၊စက်တင်ဘာ
အနောက်တောင် မုတ်သုံလေ ဝင်ရောက်ခြင်း၊ ဆုတ်ခွာခြင်း အခြေအနေ
အနောက်တောင်မုတ်သုံလေသည် ၂၀၁၄ ခုနှစ်၊ ဇွန်လ ပထမ (၁၀)ရက်ပတ် (မြန်မာသက္ကရာဇ် ၁၃၇၆ ခုနှစ်၊ နယုန်လဆန်းခန့်)တွင် မြန်မာတစ်နိုင်ငံလုံးသို့ ဝင်ရောက်ဖွယ်ရာရှိပါသည်။ ၂၀၁၄ ခုနှစ်၊ အောက်တိုဘာလ ပထမ (၁၀)ရက်ပတ် (မြန်မာသက္ကရာဇ် ၁၃၇၆ ခုနှစ်၊ သီတင်းကျွှတ်လဆန်းခန့်)တွင် မြန်မာတစ်နိုင်ငံလုံးသို့ ပြန်လည် ဆုတ်ခွာသွားဖွယ်ရာရှိပါသည်။













