မြစ်ရေကြီးခြင်းသတိပေးချက်
မြစ်ရေကြီးခြင်းသတိပေးချက် ထုတ်ပြန်ထားမှုမရှိ
၂၂-၉-၂၀၂၆ ယနေ့မြန်မာစံတော်ချိန် ၀၅:၃၀ နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းတို့တွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ် (Depression) သည် အနောက်ဘက်သို့ ရွေ့လျားခဲ့ပြီး ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းနှင့် ယင်းနှင့် ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်းတို့သို့ ရောက်ရှိခဲ့ကာ မြန်မာနိုင်ငံ၊ စစ်တွေမြို့ (Sittwe) ၏ အနောက်-အနောက်တောင်ဘက် ရေမိုင် ၄၂၀ မိုင်ခန့်၊ အိန္ဒိယနိုင်ငံ၊ ဗီဆာကာပတ္တနမ်မြို့ (Visakhapatnam) ၏ အရှေ့ဘက် ရေမိုင် ၂၄၀ မိုင်ခန့်နှင့် ဂိုလ်ပါပူမြို့ (Gopalpur) ၏ အရှေ့-အရှေ့တောင်ဘက် ရေမိုင် ၁၇၀ မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားကောင်းနေပါသည်။ ကပ္ပလီပင်လယ်ပြင် နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်ထူထပ်နေပါသည်။
မြစ်ရေကြီးခြင်းသတိပေးချက် ထုတ်ပြန်ထားမှုမရှိ
၂၀-၉-၂၀၂၆:ယနေ့မြန်မာစံတော်ချိန် ၀၅:၃၀ နာရီအချိန် တိုင်းထွာချက်များအရ ကပ္ပလီပင်လယ်ပြင် မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်း (Low Pressure Area) သည် ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းနှင့် ယင်းနှင့် ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်း (မြန်မာနိုင်ငံ၊ မြစ်ဝကျွန်းပေါ်ကမ်းလွန်အနီး)သို့ ရောက်ရှိခဲ့ပါသည်။ အဆိုပါ လေဖိအားနည်းရပ်ဝန်းသည် အနောက် - အနောက်မြောက်ဘက်သို့ ရွေ့လျားနိုင်ပြီး နောက် ၂၄ နာရီအတွင်း ပိုမိုအားကောင်း လာကာ ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းတွင် မုန်တိုင်းငယ် (Depression) အဖြစ်သို့လည်းကောင်း၊ နောက် ၄၈ နာရီအတွင်း ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းတွင် အားကောင
လေဖိအားနည်းရပ်ဝန်းအခြေအနေ
၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၂၀ ရက်နေ့၊ မြန်မာစံတော်ချိန် ၀၇:၀၀ နာရီအချိန် ထုတ်ပြန်ချက်
၁။ (က) လေဖိအားနည်းရပ်ဝန်းအခြေအနေ
၁၉-၉-၂၀၂၆:ယနေ့မြန်မာစံတော်ချိန် ၁၈:၃၀ နာရီအချိန် တိုင်းထွာချက်များအရ ကပ္ပလီပင်လယ်ပြင် မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်း (Low Pressure Area)သည် ဆက်လက်တည်ရှိနေပါသည်။ အဆိုပါ လေဖိအားနည်းရပ်ဝန်းသည် အနောက် - အနောက်မြောက်ဘက်သို့ရွေ့လျားနိုင်ပြီး နောက် ၂၄ နာရီအတွင်း ကပ္ပလီပင်လယ်ပြင် မြောက်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းသို့ ရောက်ရှိနိုင်ကာ၊ နောက် ၄၈ နာရီအတွင်း ပိုမိုအားကောင်းလာပြီး ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းတွင် မုန်တိုင်းငယ်(Depression)အဖြစ်သို့လည်းကောင်း၊ နောက် ၇၂ နာရီအတွင်း ဘင်္ဂလားပင်လယ်အော်အနောက်အ