Himawari-8

၂၀-၁၁-၂၀၂၆ ယနေ့မြန်မာစံတော်ချိန် ၁၅:၃၀ နာရီအချိန် တိုင်းထွာချက်များအရ အိန္ဒိယနိုင်ငံ၊ အင်ဒရာပရာဒေ့ရှ် မြောက်ပိုင်းနှင့် ဩရိဿပြည်နယ်တောင်ပိုင်းကမ်းခြေတို့ကို ဂိုလ်ပါပူမြို့ (Gopalpur)အနီးမှ ဖြတ်ကျော်ဝင်ရောက်ခဲ့သော ဆိုင်ကလုန်းမုန်တိုင်း (Cyclonic Storm) “အက်ဗန်” (AKVAN) သည် မြောက်-အရှေ့မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီးအားကောင်းသောမုန်တိုင်းငယ် (Deep Depression)အဖြစ်သို့ အားလျော့သွားခဲ့ကာ ဩရိဿပြည်နယ်တောင်ပိုင်းကမ်းခြေသို့ ရောက်ရှိခဲ့ပါသည်။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် တိမ်အနည်းငယ်မှ တိမ်အသင့်အတင့် ဖြစ်ထွန်းနေပြီး ကျန်ဘင်္ဂလားပင်လယ်အော်တွင် တိမ်ထူထပ်နေပါသည်။


