၂၇-၁၀-၂၀၂၆ ယမန်နေ့ညပိုင်းက ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်းတွင် ဖြစ်ပေါ်ခဲ့သော ဆိုင်ကလုန်း မုန်တိုင်း“အာနာဘ်”သည် အနောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်း၌ အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း“အာနာဘ်” အဖြစ်သို့ ရောက်ရှိခဲ့ကာ ယနေ့မြန်မာစံတော်ချိန် ၀၅:၃၀ နာရီအချိန် တိုင်းထွာချက်များအရ အားအလွန်ကောင်းသော ဆိုင်ကလုန်းမုန်တိုင်း(Very Severe Cyclonic Storm) “အာနာဘ်”(ARNAB) အဖြစ်သို့ ရောက်ရှိခဲ့ပါသည်။ အဆိုပါ အားအလွန်ကောင်းသော ဆိုင်ကလုန်းမုန်တိုင်း“အာနာဘ်”သည် အနောက်- အနောက် မြောက်ဘက်သို့ ဆက်လက်ရွေ့လျားခဲ့ပြီး မြန်မာနိုင်ငံ၊ ကိုကိုးကျွန်းမြို့(Coco Island)၏ အနောက်-အနောက်မြောက်ဘက် ရေမိုင် ၄၄၀ မိုင်ခန့်၊ အိန္ဒိယနိုင်ငံ၊ ဗီဆာကာပတ္တနမ်မြို့(Visakhapatnam)၏ အရှေ့- အရှေ့တောင်ဘက် ရေမိုင် ၁၉၀ မိုင်ခန့်နှင့် ကာကီနာဒါမြို့(Kakinada)၏ အရှေ့-အရှေ့တောင်ဘက် ရေမိုင် ၂၂၅ မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေ ပါသည်။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပါသည်။
စိုက်ပျိုးရေးမိုးလေဝသသတင်း
၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ (တတိယ)ဆယ်ရက်ပတ်စိုက်ပျိုးရေးမိုးလေဝသစာစောင်
၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ (ဒုတိယ)ဆယ်ရက်ပတ်စိုက်ပျိုးရေးမိုးလေဝသစာစောင်
၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ (ပထမ)ဆယ်ရက်ပတ်စိုက်ပျိုးရေးမိုးလေဝသစာစောင်
၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ (တတိယ)ဆယ်ရက်ပတ်စိုက်ပျိုးရေးမိုးလေဝသစာစောင်
၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ (ပထမ)ဆယ်ရက်ပတ်စိုက်ပျိုးရေးမိုးလေဝသစာစောင်
၂၀၂၄ ခုနှစ်၊ ဩဂုတ်လ (တတိယ)ဆယ်ရက်ပတ်စိုက်ပျိုးရေးမိုးလေဝသစာစောင်
၂၀၂၄ ခုနှစ်၊ ဩဂုတ်လ (ဒုတိယ)ဆယ်ရက်ပတ်စိုက်ပျိုးရေးမိုးလေဝသစာစောင်
၂၀၂၄ ခုနှစ်၊ ဩဂုတ်လ (ပထမ)ဆယ်ရက်ပတ်စိုက်ပျိုးရေးမိုးလေဝသစာစောင်
၂၀၂၄ ခုနှစ်၊ ဇူလိူင်လ (တတိယ)ဆယ်ရက်ပတ်စိုက်ပျိုးရေးမိုးလေဝသစာစောင်
၂၀၂၄ ခုနှစ်၊ ဇူလိူင်လ (ဒုတိယ)ဆယ်ရက်ပတ်စိုက်ပျိုးရေးမိုးလေဝသစာစောင်













