ရေနည်းမည့်အခြေအနေသတင်း

ရေနည်းမည့်အခြေအနေသတင်း

(၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၄ ရက်နေ့ ၀၈:၀၀ နာရီ အချိန်ထုတ်ပြန်ချက်)

ချင်းတွင်းမြစ်ရေသည် ယနေ့မြန်မာစံတော်ချိန် ၀၆:၃၀ နာရီအချိန် တိုင်းထွာချက်အရ မုံရွာမြို့ တွင် ၉၈ စင်တီမီတာသို့ ရောက်ရှိနေပါသည်။ အဆိုပါမြစ်ရေသည် နောက် ၇ ရက်အတွင်း လက်ရှိ ရေမှတ်အောက် ၂ လက်မခန့် ကျဆင်းလာနိုင်ပြီး ယင်းမြို့၏ ရေနည်းသတိပေးမှတ် ၁၀၀ စင်တီမီတာ အောက်တွင် ဆက်လက်တည်ရှိနိုင်ပါသည်။