ရေကြီးမှုအခြေနေသတင်း

ရေကြီးမှုအခြေအနေသတင်း 

(၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၅ ရက်၊ ၀၇:၀၀ နာရီအချိန် ထုတ်ပြန်ချက်)   

 

     ယနေ့မြန်မာစံတော်ချိန် ၀၆:၃၀ နာရီအချိန် တိုင်းထွာချက်အရ နန့်ယင်းချောင်းရေသည် မိုးကောင်းမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်‌အထက်သို့ ၁ လက်မခန့် ကျော်လွန်ရောက်ရှိနေပြီး နောက် ၁ ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက်သို့ ပြန်လည်ကျဆင်းနိုင်ပါသည်။

      ယနေ့မြန်မာစံတော်ချိန် ၀၆:၃၀ နာရီအချိန် တိုင်းထွာချက်အရ နန့်ကောင်းချောင်းရေသည် မိုးကောင်းမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်‌အထက်သို့ ပေဝက်ကျော် ကျော်လွန်ရောက်ရှိနေပြီး နောက် ၁ ရက်အတွင်း ၃ လက်မခန့်ကျဆင်းနိုင်ကာ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင် ပါသည်။ 

               သို့ဖြစ်ပါ၍ မိုးကောင်းမြို့နယ်အတွင်းရှိ ချောင်းကမ်းအနီးနှင့်မြေနိမ့်ပိုင်းနေထိုင်သူများအနေဖြင့် ရေဘေးလွတ်ရာနေရာများသို့ ရှောင်ရှားနိုင်ပါရန် သတိပေးနှိုးဆော်အပ်ပါသည်