ရေကြီးမှုအခြေနေသတင်း

ရေကြီးမှုအခြေအနေသတင်း 

(၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၁၅ ရက်၊ ၀၈:၀၀ နာရီအချိန် ထုတ်ပြန်ချက်)       

     ယနေ့မြန်မာစံတော်ချိန် ၀၆:၃၀ နာရီအချိန် တိုင်းထွာချက်အရ ချင်းတွင်းမြစ်ရေသည် ဟုမ္မလင်းမြို့ တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်‌အထက် ပေဝက်ကျော်တွင် ရောက်ရှိနေပြီး နောက် ၁ ရက်အတွင်း စိုးရိမ် ရေမှတ်အောက်သို့ ပြန်လည်ကျဆင်းနိုင်ပါသည်။ 

ယနေ့မြန်မာစံတော်ချိန် ၀၆:၃၀ နာရီအချိန် တိုင်းထွာချက်အရ ချင်းတွင်းမြစ်ရေသည် ဖောင်းပြင်မြို့ တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်‌အထက် ပေဝက်ကျော်တွင် ရောက်ရှိနေပြီး နောက် ၁ ရက်အတွင်း ပေဝက်ခန့် မြင့်တက်လာနိုင်ကာ ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်ပါသည်။   

ယနေ့မြန်မာစံတော်ချိန် ၀၆:၃၀ နာရီအချိန် တိုင်းထွာချက်အရ စစ်တောင်းမြစ်ရေသည် မဒေါက် မြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်‌အထက် ၁ ပေခန့်တွင် ရောက်ရှိနေပြီး နောက် ၁ ရက်အတွင်း ပေဝက်ခန့် ကျဆင်းလာနိုင်ကာ ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်ပါသည်။ 

         သို့ဖြစ်ပါ၍ ဟုမ္မလင်းမြို့နယ်အတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင်သူများအနေဖြင့် သတိပြုနေထိုင်ပါရန်နှင့် ဖောင်းပြင်မြို့နယ်နှင့် မဒေါက်မြို့များအတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့် ပိုင်းနေထိုင်သူများအနေဖြင့် ရေဘေးလွတ်ရာနေရာများသို့ ရှောင်ရှားနိုင်ပါရန် သတိပေးနှိုးဆော်အပ်ပါသည်။