ရေကြီးမှုအခြေနေသတင်း

ရေကြီးမှုအခြေအနေသတင်း 

(၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၁၁ ရက်၊ ၀၈:၀၀ နာရီအချိန် ထုတ်ပြန်ချက်)   

   

ယနေ့မြန်မာစံတော်ချိန် ၀၆:၃၀ နာရီအချိန် တိုင်းထွာချက်အရ ဧရာဝတီမြစ်ရေသည် မြင်းမူ မြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ၂၆ စင်တီမီတာ ကျော်လွန်ရောက်ရှိနေပြီး နောက် ၁ ရက် အတွင်း ၁၅ စင်တီမီတာခန့် မြင့်တက်လာနိုင်ကာ ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိ နိုင်ပါသည်။

ယနေ့မြန်မာစံတော်ချိန် ၀၆:၃၀ နာရီအချိန် တိုင်းထွာချက်အရ ဧရာဝတီမြစ်ရေသည် ပခုက္ကူ မြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်‌အထက် ၃၄ စင်တီမီတာ ကျော်လွန်ရောက်ရှိနေပြီး နောက် ၁ ရက် အတွင်း ၂၀ စင်တီမီတာခန့် မြင့်တက်လာနိုင်ကာ ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိ နိုင်ပါသည်။

ယနေ့မြန်မာစံတော်ချိန် ၀၆:၃၀ နာရီအချိန် တိုင်းထွာချက်အရ ဧရာဝတီမြစ်ရေသည် ညောင်ဦး မြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်‌အထက် ၅၁ စင်တီမီတာ ကျော်လွန်ရောက်ရှိနေပြီး နောက် ၁ ရက် အတွင်း ၂၀ စင်တီမီတာခန့် မြင့်တက်လာနိုင်ကာ ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိ နိုင်ပါသည်။

ယနေ့မြန်မာစံတော်ချိန် ၀၆:၃၀ နာရီအချိန် တိုင်းထွာချက်အရ ချင်းတွင်းမြစ်ရေသည် မုံရွာ မြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်‌အထက် ၈ စင်တီမီတာ ကျော်လွန်ရောက်ရှိနေပြီး နောက် ၁ ရက် အတွင်း စိုးရိမ်ရေမှတ်အောက်သို့ ပြန်လည်ကျဆင်းနိုင်ပါသည်။

ယနေ့မြန်မာစံတော်ချိန် ၀၆:၃၀ နာရီအချိန် တိုင်းထွာချက်အရ သံလွင်မြစ်ရေသည် ဘားအံ မြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်‌အထက် ၈၀ စင်တီမီတာ ကျော်လွန်ရောက်ရှိနေပြီး  နောက် ၁ ရက် အတွင်း ၁၀ စင်တီမီတာခန့် မြင့်တက်လာနိုင်ကာ ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိ နိုင်ပါသည်။

ယနေ့မြန်မာစံတော်ချိန် ၀၆:၃၀ နာရီအချိန် တိုင်းထွာချက်အရ စစ်တောင်းမြစ်ရေသည် မဒေါက် မြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်‌အထက် ၁၈ စင်တီမီတာ ကျော်လွန်ရောက်ရှိနေပြီး  နောက် ၁ ရက် အတွင်း ၅ စင်တီမီတာ ကျဆင်းလာနိုင်ကာ ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိ နိုင်ပါသည်။

ယနေ့မြန်မာစံတော်ချိန် ၀၆:၃၀ နာရီအချိန် တိုင်းထွာချက်အရ ဒုဋ္ဌဝတီမြစ်ရေသည် မြစ်ငယ်မြို့ တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်‌အထက် ၁၁၆ စင်တီမီတာ ကျော်လွန်ရောက်ရှိနေပြီး နောက် ၁ ရက် အတွင်း ၂၀ စင်တီမီတာခန့် ကျဆင်းလာနိုင်ကာ ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိ နိုင်ပါသည်။

 

        သို့ဖြစ်ပါ၍ မုံရွာမြို့နယ်အတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင်သူများအနေဖြင့် သတိပြုနေထိုင်ပါရန်နှင့် မြင်းမူမြို့နယ်၊ ပခုက္ကူမြို့နယ်၊ ညောင်ဦးမြို့နယ်၊  ဘားအံမြို့နယ်၊ မဒေါက် မြို့နှင့် မြစ်ငယ်မြို့များအတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင်သူများအနေဖြင့် ရေဘေး လွတ်ရာနေရာများသို့ ရှောင်ရှားနိုင်ပါရန် သတိပေးနှိုးဆော်ထားပါသည်။