ရေကြီးမှုအခြေနေသတင်း

 

ရေကြီးမှုအခြေအနေသတင်း 

(၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၁၆ ရက်၊ ၀၈:၀၀ နာရီအချိန် ထုတ်ပြန်ချက်)    

   

ယနေ့မြန်မာစံတော်ချိန် ၀၆:၃၀ နာရီအချိန် တိုင်းထွာချက်အရ ဧရာဝတီမြစ်ရေသည် ညောင်ဦးမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ၁၆ စင်တီမီတာ (၆ လက်မခန့်ကျော်လွန်ရောက်ရှိနေပြီး နောက် ၁ ရက်အတွင်း စိုးရိမ်ရေမှတ်အောက်သို့ ပြန်လည်ကျဆင်းနိုင်ပါသည်။

ယနေ့မြန်မာစံတော်ချိန် ၀၆:၃၀ နာရီအချိန် တိုင်းထွာချက်အရ ဧရာဝတီမြစ်ရေသည် ဆိပ်သာမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ၅၈ စင်တီမီတာ (၁ ပေ ၁၁ လက်မခန့်ကျော်လွန်ရောက်ရှိ နေပြီး နောက် ၁ ရက်အတွင်း ၅ စင်တီမီတာ(၂ လက်မ)ခန့် ကျဆင်းလာနိုင်ကာ ယင်းမြို့၏ စိုးရိမ်ရေမှတ် အထက် ဆက်လက်တည်ရှိနိုင်ပါသည်။

ယနေ့မြန်မာစံတော်ချိန် ၀၆:၃၀ နာရီအချိန် တိုင်းထွာချက်အရ ဧရာဝတီမြစ်ရေသည် ဟင်္သာတမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ၄၃ စင်တီမီတာ (၁ ပေ ၅ လက်မခန့်ကျော်လွန်ရောက်ရှိ နေပြီး နောက် ၁ ရက်အတွင်း ၁၀ စင်တီမီတာ(၄ လက်မ)ခန့် မြင့်တက်လာနိုင်ကာ ယင်းမြို့၏ စိုးရိမ် ရေမှတ် အထက် ဆက်လက်တည်ရှိနိုင်ပါသည်။

ယနေ့မြန်မာစံတော်ချိန် ၀၆:၃၀ နာရီအချိန် တိုင်းထွာချက်အရ ဧရာဝတီမြစ်ရေသည် ဇလွန်မြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ၄၁ စင်တီမီတာ (၁ ပေ ၄ လက်မခန့်ကျော်လွန်ရောက်ရှိ နေပြီး နောက် ၁ ရက်အတွင်း ၁၃ စင်တီမီတာ(၅ လက်မ)ခန့် မြင့်တက်လာနိုင်ကာ ယင်းမြို့၏ စိုးရိမ် ရေမှတ် အထက် ဆက်လက်တည်ရှိနိုင်ပါသည်။

ယနေ့မြန်မာစံတော်ချိန် ၀၆:၃၀ နာရီအချိန် တိုင်းထွာချက်အရ သံလွင်မြစ်ရေသည် ဘားအံမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ၉၂ စင်တီမီတာ (၃ ပေခန့်ကျော်လွန်ရောက်ရှိနေပြီး နောက် ၁ ရက်အတွင်း ၅ စင်တီမီတာ (၂ လက်မ)ခန့် မြင့်တက်လာနိုင်ကာ ယင်းမြို့၏ စိုးရိမ်ရေမှတ် အထက် ဆက်လက်တည်ရှိနိုင်ပါသည်။

ယနေ့မြန်မာစံတော်ချိန် ၀၆:၃၀ နာရီအချိန် တိုင်းထွာချက်အရ စစ်တောင်းမြစ်ရေသည် မဒေါက်မြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ၅၁ စင်တီမီတာ (၁ ပေ ၈ လက်မခန့်) ကျော်လွန်ရောက် ရှိနေပြီး နောက် ၁ ရက်အတွင်း ၅ စင်တီမီတာ (၂ လက်မ)ခန့် မြင့်တက်လာနိုင်ကာ ယင်းမြို့၏ စိုးရိမ် ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်ပါသည်။

ယနေ့မြန်မာစံတော်ချိန် ၀၆:၃၀ နာရီအချိန် တိုင်းထွာချက်အရ ငဝန်မြစ်ရေသည် ငါးသိုင်းချောင်းမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနေပြီး နောက် ၁ ရက်အတွင်း ၁၀ စင်တီမီတာ (၄ လက်မ)ခန့် မြင့်တက်လာနိုင်ကာ ယင်းမြို့၏ စိုးရိမ် ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်ပါသည်။

          သို့ဖြစ်ပါ၍ ညောင်ဦးမြို့နယ်အတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင်သူများအနေဖြင့် သတိပြုနေထိုင်ပါရန်နှင့် ဟင်္သာတမြို့နယ်၊ ဇလွန်မြို့နယ်၊ ဘားအံမြို့နယ်၊ ဆိပ်သာမြို့၊ မဒေါက်မြို့နှင့် ငါးသိုင်းချောင်းမြို့များအတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင်သူများအနေဖြင့် ရေဘေးလွတ်ရာ နေရာများသို့ ရှောင်ရှားနိုင်ပါရန် သတိပေးနှိုးဆော်အပ်ပါသည်။ ရေကြီးမှုအခြေအနေသတင်းနှင့် ပတ်သက်သည့် အခြေအနေများအား အချိန်နှင့်တစ်ပြေးညီ ဆက်လက်ထုတ်ပြန် ပေးပို့တင်ပြသွားမည် ဖြစ်ပါကြောင်း အစီရင်ခံတင်ပြအပ်ပါသည်။