ရေကြီးမှုအခြေနေသတင်း
ရေကြီးမှုအခြေအနေသတင်း
(၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၂၀ ရက်၊ ၁၉:၀၀ နာရီအချိန် ထုတ်ပြန်ချက်)
ယနေ့မြန်မာစံတော်ချိန် ၁၈:၃၀ နာရီအချိန် တိုင်းထွာချက်အရ သောင်ရင်းမြစ်ရေသည် မြဝတီ မြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ၁ လက်မခန့် ကျော်လွန်ရောက်ရှိနေပြီး နောက် ၁ ရက် အတွင်း ၂ ပေခန့် မြင့်တက်လာနိုင်ကာ ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင် ပါသည်။
သို့ဖြစ်ပါ၍ မြဝတီမြို့နယ်အတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင်သူများအနေဖြင့် ရေဘေးလွတ်ရာနေရာများသို့ ရှောင်ရှားနိုင်ပါရန် သတိပေးနှိုးဆော်အပ်ပါသည်။













