၂၇-၁၀-၂၀၂၆ ယမန်နေ့ညပိုင်းက ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်းတွင် ဖြစ်ပေါ်ခဲ့သော ဆိုင်ကလုန်း မုန်တိုင်း“အာနာဘ်”သည် အနောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်း၌ အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း“အာနာဘ်” အဖြစ်သို့ ရောက်ရှိခဲ့ကာ ယနေ့မြန်မာစံတော်ချိန် ၀၅:၃၀ နာရီအချိန် တိုင်းထွာချက်များအရ အားအလွန်ကောင်းသော ဆိုင်ကလုန်းမုန်တိုင်း(Very Severe Cyclonic Storm) “အာနာဘ်”(ARNAB) အဖြစ်သို့ ရောက်ရှိခဲ့ပါသည်။ အဆိုပါ အားအလွန်ကောင်းသော ဆိုင်ကလုန်းမုန်တိုင်း“အာနာဘ်”သည် အနောက်- အနောက် မြောက်ဘက်သို့ ဆက်လက်ရွေ့လျားခဲ့ပြီး မြန်မာနိုင်ငံ၊ ကိုကိုးကျွန်းမြို့(Coco Island)၏ အနောက်-အနောက်မြောက်ဘက် ရေမိုင် ၄၄၀ မိုင်ခန့်၊ အိန္ဒိယနိုင်ငံ၊ ဗီဆာကာပတ္တနမ်မြို့(Visakhapatnam)၏ အရှေ့- အရှေ့တောင်ဘက် ရေမိုင် ၁၉၀ မိုင်ခန့်နှင့် ကာကီနာဒါမြို့(Kakinada)၏ အရှေ့-အရှေ့တောင်ဘက် ရေမိုင် ၂၂၅ မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေ ပါသည်။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပါသည်။
ဆောင်းပါးများ
မင်္ဂလာနေ့လယ်ခင်းပါ
မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ (၁၇.၁.၂၀၂၃) ရက်နေ့တွင် ထုတ်ပြန်သည့် နေ့စဉ်မြစ်ရေခန့်မှန်းချက်များကို အောက်ပါအတိုင်းဖော်ပြထားပါတယ်.......
မြေငလျင်သတင်းထုတ်ပြန်ချက်
၂၀၁၇ ခုနစ်၊ ဇန်နဝါရီလ(၄)ရက်နေ့ မြန်မာစံတော်ချိန် (၁၉)နာရီ (၁၁)မိနစ် (၁၇)စက္ကန့်အချိန်တွင် မန္တလေး မြေငလျင်စခန်းမှ မြောက်-အနောက်မြောက်ဘက် (၆၂)မိုင်ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (သပိတ်ကျင်းမြို့၏ အနောက်-အနောက်မြောက်ဘက် (၄)မိုင်ခန့်အကွာ) ကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး (၄.၆) အဆင့်ရှိအင်အားအနည်းငယ်ရှိသော မြေငလျင် တစ်ခုလှုပ်ရှားသွားကြောင်း တိုင်းထွာ ရရှိပါသည်။
၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ(၄)ရက်နေ့ မြန်မာစံတော်ချိန် (၀၄)နာရီ (၀၉)မိနစ် (၀၀)စက္ကန့်အချိန်တွင် မန္တလေး မြေငလျင်စခန်းမှ မြောက်ဘက်အရှေ့မြောက်ဘက် မိုင် (၃၉၀) ခန့် ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (ပူတာအိုမြိ့ု ၏ မြောက်ဘက်အရှေ့မြောက်ဘက် (၁၂) မိုင် ခန့်အကွာ)ကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၄.၂) အဆင့်ရှိ အင်အား အနည်းငယ်ရှိသော မြေငလျင် တစ်ခုလှုပ်ရှားသွားကြောင်း တိုင်းထွာရရှိခဲ့ပါသည်။

နှစ်စဉ် မတ်လ ၂၃ရက်နေ့သည် ကမ္ဘာ့မိုးလေဝသနေ့ ဖြစ်ပါသည်။ နိုင်ငံတကာမိုးလေဝသအဖွဲ့ချုပ် တည်ထောင်ခဲ့သည့် ၁၉၅၀ပြည့်နှစ် မတ်လ ၂၃ရက်နေ့ကို..