၂၄-၈-၂၀၂၆ ယနေ့မြန်မာစံတော်ချိန် ၀၅:၃၀ နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလားပြည်နယ် - ဩရိဿပြည်နယ်မြောက်ပိုင်း တို့တွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်း (Low Pressure Area) သည် အိန္ဒိယနိုင်ငံ၊ ဩရိဿပြည်နယ်မြောက်ပိုင်း ကမ်းရိုးတန်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော အနောက်ဘင်္ဂလားပြည်နယ်နှင့် ဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်းတို့သို့ ရောက်ရှိခဲ့ပြီး ဆက်လက်တည်ရှိနေပါသည်။ အဆိုပါ လေဖိအားနည်းရပ်ဝန်းသည် နောက် ၂၄ နာရီအတွင်း အနောက်မြောက် ဘက်သို့ ရွေ့လျားနိုင်ပြီး အိန္ဒိယနိုင်ငံ၊ ဩရိဿပြည်နယ်မြောက်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော အနောက်ဘင်္ဂလား ပြည်နယ်တို့သို့ ဖြတ်ကျော်နိုင်သည်ဟု ခန့်မှန်းရပါသည်။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် မုတ်သုံလေ အားကောင်းနေပြီး ကျန်ဘင်္ဂလားပင်လယ်အော်တွင် မုတ်သုံလေ အားအသင့်အတင့် ရှိနေပါသည်။ ကပ္ပလီ ပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပါသည်။
Earthquake News
မြေငလျင်သတင်းထုတ်ပြန်ချက်
၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ (၂၇)ရက်နေ့ မြန်မာစံတော်ချိန် (၁၀)နာရီ (၂၇)မိနစ် (၃၂)စက္ကန့် အချိန်တွင် မန္တလေးမြေငလျင်စခန်းမှ အနောက်တောင်ဘက် (၅၇)မိုင်ခန့် ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့၏ အနောက်တောင်ဘက် (၇) မိုင်ခန့်အကွာ)ကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး (၃.၆) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာ ရရှိခဲ့ပါသည်။
မြေငလျင်သတင်းထုတ်ပြန်ချက်
၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ (၂၁)ရက်နေ့ မြန်မာစံတော်ချိန် (၂၃)နာရီ (၀၄)မိနစ် (၃၃)စက္ကန့် အချိန်တွင် မန္တလေးမြေငလျင်စခန်းမှ အနောက်မြောက်ဘက် (၂၂၅)မိုင်ခန့် ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (ဟုမ္မလင်းမြို့၏ မြောက်-အနောက်မြောက်ဘက် (၁၅) မိုင်ခန့်အကွာ)ကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၄.၃)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိခဲ့ပါသည်။
၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ (၁၉)ရက်နေ့ မြန်မာစံတော်ချိန် (၀၃)နာရီ (၀၈)မိနစ် (၃၂)စက္ကန့် အချိန်တွင် မန္တလေးမြေငလျင်စခန်းမှ မြောက်ဘက်(၂၀၆)မိုင်ခန့် ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (ကချင်အပြည်နယ်၊ မိုးညှင်းမြိ့ု၏ အနောက်မြောက်ဘက်(၂၈)မိုင်ခန့်အကွာ)ကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး (၄.ဝ)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိခဲ့ပါသည်။
၂၀၁၇ခုနှစ်၊ စက်တင်ဘာလ (၁၈)ရက်နေ့ မြန်မာစံတော်ချိန် (၀၄)နာရီ၊ (၁၉) မိနစ်၊ (၀၇) စက္ကန့် အချိန်တွင် မန္တလေးမြေငလျင်စခန်းမှ အနောက်တောင်ဘက် (၁၁၀)မိုင်ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (ပေါက်မြို့၏ မြောက်-အနောက်မြောက်ဘက် (၇)မိုင်ခန့် အကွာ)ကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး(၄.၃)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှား သွားကြောင်း တိုင်းထွာရရှိပါသည်။
၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ (၁၅)ရက်နေ့ မြန်မာစံတော်ချိန် (၀၈)နာရီ (၀၆)မိနစ် (၄၆)စက္ကန့် အချိန်တွင် ကမ္ဘာအေးမြေငလျင်စခန်းမှ အနောက်မြောက်ဘက် မိုင် (၁၆၀) ခန့် ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (ပြည်မြို့၏ အနောက်မြောက်ဘက် (၁၅) မိုင်ခန့်အကွာ)ကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး (၄.၇)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိခဲ့ပါသည်။
မြေငလျင်သတင်း
(မြန်မာစံတော်ချိန် ၂၁း၀၀ နာရီအချိန် ထုတ်ပြန်ချက်)
၂၀၁၇ခုနစ်၊ စက်တင်ဘာလ(၁၁)ရက်နေ့ မြန်မာစံတော်ချိန်(၂၀)နာရီ (၂၈)မိနစ် (၁၂)စက္ကန့် အချိန်တွင် ကမ္ဘာအေးမြေငလျင်စခန်းမှ မြောက်-အရှေ့မြောက်ဘက် (၆၅)မိုင် ခန့် ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (တိုက်ကြီးမြို့၏ အရှေ့မြောက်ဘက် (၃၅)မိုင်ခန့် အကွာ)ကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၃.၇)အဆင့်ရှိ အင်အားအနည်းငယ ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိပါသည်။
မြေငလျင်သတင်း
(မြန်မာစံတော်ချိန် ၀၈း၃၀ နာရီထုတ်ပြန်ချက်)
၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ (၁၁)ရက်နေ့ မြန်မာစံတော်ချိန် (၀၇)နာရီ (၄၉)မိနစ် (၄၃)စက္ကန့် အချိန်တွင် ကမ္ဘာအေးမြေငလျင်စခန်းမှမြောက်-အနောက်မြောက်ဘက်(၄၄)မိုင်ခန့် ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း(တိုက်ကြီးမြိ့ု၏ အရှေ့မြောက်ဘက်(၁၂)မိုင်ခန့်အကွာ)ကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး (၄.ဝ)အဆင့်ရှိအင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိပါသည်။
မြေငလျင်သတင်း
(မြန်မာစံတော်ချိန် ၁၁း၄၅ နာရီအချိန် ထုတ်ပြန်ချက်)
၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ (၈)ရက်နေ့ မြန်မာစံတော်ချိန် (၁၁)နာရီ၊ (၁၉)မိနစ်၊ (၂၁)စက္ကန့် အချိန် တွင် ကမ္ဘာအေးမြေငလျင်စခန်းမှ အရှေ့ဘက် (၁၀၁၀၀)မိုင်ခန့် ကွာဝေးသော မြန်မာနိုင်ငံ ပြည်ပ၊ (Near Coast of Chiapas, Mexico)ကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၈.ဝ)အဆင့်ရှိ အင်အားအလွန်ပြင်းထန်သော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိပါသည်။
မြေငလျင်သတင်း
(မြန်မာစံတော်ချိန် ၂၂း၀၀ နာရီ အချိန် ထုတ်ပြန်ချက်)
၂၀၁၇ ခုနှစ်၊ သြဂုတ်လ (၂၃)ရက်နေ့၊ မြန်မာစံတော်ချိန် (၂၁)နာရီ၊ (၂၅)မိနစ်၊ (၅၃)စက္ကန့် အချိန်တွင် မန္တလေးမြေငလျင်စခန်းမှ အရှေ့တောင်ဘက် (၁၃၂) မိုင်ခန့် ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (နမ့်စန်မြို့၏ အရှေ့မြောက်ဘက် (၅)မိုင်ခန့်အကွာ)ကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာ စကေး(၃.၇)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင် တစ်ခုလှုပ်ရှားသွားကြောင်း တိုင်းထွာရရှိပါသည်။
မြေငလျင်သတင်း
(မြန်မာစံတော်ချိန် ၁၄:၃၀ နာရီအချိန် ထုတ်ပြန်ချက်)
၂၀၁၇ ခုနှစ်၊ သြဂုတ်လ (၁၇)ရက်နေ့၊ မြန်မာစံတော်ချိန် (၁၄)နာရီ၊ (၀၈)မိနစ်၊ (၂၉) စက္ကန့်အချိန်တွင် မန္တလေးမြေငလျင်စခန်းမှ အနောက်မြောက်ဘက် (၂၈၅) မိုင်ခန့် ကွာဝေးသော မြန်မာနိုင်ငံပြည်ပ (အိန္ဒိယ-မြန်မာ နယ်စပ်) ကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး (၄.၆) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိပါသည်။













