ပင်လယ်ပြင်ခရီးအတွက် မိုးလေဝသခန့်မှန်းချက် (၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ (၇)ရက်နေ့၊ နံနက်(၁၀:၃၀)နာရီအချိန် ထုတ်ပြန်ချက်)
ပင်လယ်ပြင်ခရီးအတွက် မိုးလေဝသခန့်မှန်းချက်
(၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ (၇)ရက်နေ့၊ နံနက်(၁၀:၃၀)နာရီအချိန် ထုတ်ပြန်ချက်)
ဘင်္ဂလားပင်လယ်အော်အခြေအနေ။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် တိမ်ထူထပ် နေပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနေပါသည်။
ထူးခြားသည့်အခြေအနေ။ ယနေ့မြန်မာစံတော်ချိန် (၀၆:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ထိုင်းပင်လယ်ကွေ့တွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်သည် ထိုင်းနိုင်ငံ၊ ရနောင်း (Ranong) မြို့၏ အရှေ့-အရှေ့တောင်ဘက် မိုင်(၁၅၀)ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။ အဆိုပါမုန်တိုင်းငယ်သည် အနောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားလျှက်ရှိပြီး၊ နောက်(၁၈)နာရီအတွင်း ထိုင်းနိုင်ငံကမ်းခြေကို ချန်ဖုန်း (Chumphon) မြို့အနီးမှ ဖြတ်ကျော်ဝင်ရောက်ကာ ကပ္ပလီ ပင်လယ်ပြင်သို့ ရောက်ရှိမည်ဟု ခန့်မှန်းရပါသည်။
ရန်ကုန်မှ တနင်္သာရီကမ်းရိုးတန်းတစ်လျှောက် ပင်လယ်ပြင်ခရီးအတွက် မိုးလေဝသခန့်မှန်းချက်
ယနေ့မွန်းတည့်မှ နောက်(၂၄)နာရီအတွင်းခန့်မှန်းချက်
မိုးလေဝသအခြေအနေ။ နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်ပါသည်။
အမြင်တာ ။ (၅)မိုင်၊ မိုးရွာစဉ် (၁)မိုင်ခန့်။
ရေပြင်လေ။ အရှေ့(သို့)အရှေ့မြောက်၊ တစ်နာရီပင်လယ်မိုင် (၁၀-၁၅)မိုင်၊ တစ်ခါတစ်ရံ မိုင်(၃၀)မှ (၃၅)မိုင်။
လှိုင်းအခြေအနေ။ လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ပါသည်။ လှိုင်းအမြင့်။ (၆)ပေမှ (၉)ပေခန့်။
ရန်ကုန်မှ ရခိုင်ကမ်းရိုးတန်းတစ်လျှောက် ပင်လယ်ပြင်ခရီးအတွက် မိုးလေဝသခန့်မှန်းချက်
ယနေ့မွန်းတည့်မှ နောက်(၂၄)နာရီအတွင်း ခန့်မှန်းချက်
မိုးလေဝသအခြေအနေ။ တိမ်အသင့်အတင့်ဖြစ်ထွန်းမည်။
အမြင်တာ ။ (၅)မိုင်။
ရေပြင်လေ။ မြောက်(သို့)အရှေ့မြောက်၊ တစ်နာရီပင်လယ်မိုင် (၅-၁၀)မိုင်၊ တစ်ခါတစ်ရံ (၂၅) မိုင်။
လှိုင်းအခြေအနေ။ လှိုင်းအနည်းငယ်မှ အသင့်အတင့်ရှိမည်။ လှိုင်းအမြင့်။ (၃)ပေမှ (၅)ပေခန့်။













