ပင်လယ်ပြင်ခရီးအတွက် မိုးလေဝသခန့်မှန်းချက်
ပင်လယ်ပြင်ခရီးအတွက် မိုးလေဝသခန့်မှန်းချက်
(၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ ( ၆ )ရက်နေ့၊ နံနက်(၁၀:၃၀)နာရီအချိန် ထုတ်ပြန်ချက်)
ဘင်္ဂလားပင်လယ်အော်အခြေအနေ။ ယနေ့မြန်မာစံတော်ချိန် (၀၆:၃၀)နာရီအချိန် တိုင်းထွာချက်များအရ
ဘင်္ဂလား ပင်လယ်အော်အရှေ့တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် ဆက်လက်တည်ရှိနေပြီး၊
နောက်(၁၂)နာရီ အတွင်း ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ် (Depression)အဖြစ်သို့ ရောက်ရှိလာနိုင်သည်ဟု ခန့်မှန်းရပါသည်။
ကပ္ပလီ ပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူ ထပ်နေပါသည်။
ရန်ကုန်မှ တနင်္သာရီကမ်းရိုးတန်းတစ်လျှောက် ပင်လယ်ပြင်ခရီးအတွက် မိုးလေဝသခန့်မှန်းချက်
ယနေ့မွန်းတည့်မှ နောက်(၂၄)နာရီအတွင်းခန့်မှန်းချက်
မိုးလေဝသအခြေအနေ။ နေရာကျဲကျဲ မိုးထစ်ချုန်းရွာမည်။
အမြင်တာ ။ (၅)မိုင်၊ မိုးရွာစဉ် (၁)မိုင်ခန့်။
ရေပြင်လေ။ အရှေ့(သို့)အရှေ့မြောက်၊ တစ်နာရီပင်လယ်မိုင် (၁၀- ၁၅)မိုင်၊ တစ်ခါတစ်ရံ မိုင်(၃၀)မှ (၃၅)မိုင်။
လှိုင်းအခြေအနေ။လှိုင်းအသင့်အတင့်မှလှိုင်းကြီးနိုင်ပါသည်။ လှိုင်းအမြင့်။ (၄)ပေမှ (၈)ပေခန့်။
ရန်ကုန်မှ ရခိုင်ကမ်းရိုးတန်းတစ်လျှောက် ပင်လယ်ပြင်ခရီးအတွက် မိုးလေဝသခန့်မှန်းချက်
ယနေ့မွန်းတည့်မှ နောက်(၂၄)နာရီအတွင်း ခန့်မှန်းချက်
မိုးလေဝသအခြေအနေ။ တိမ်အသင့်အသင့် ဖြစ်ထွန်းမည်။
အမြင်တာ ။ (၅)မိုင်။
ရေပြင်လေ။ မြောက်(သို့)အရှေ့မြောက်၊ တစ်နာရီပင်လယ်မိုင် (၁၀- ၁၅)မိုင်၊ တစ်ခါတစ်ရံ မိုင်(၃၀)မှ(၃၅)မိုင်။
လှိုင်းအမြင့်။ (၄)ပေမှ (၈)ပေခန့်။













