လပတ် မြစ်ရေအခြေအနေခန့်မှန်းချက်

၂၀၂၆ ခုနှစ်၊ ဇွန်လ လပတ်အတွက် မြစ်ရေအ‌ခြေအနေခန့်မှန်းချက်

(၂၈-၅-၂၀၂၆ ရက်နေ့ ထုတ်ပြန်သည်)

 

၂၀၂ခုနှစ်၊ ဇွန်လအတွင်း ဧရာဝတီမြစ်ရေသည် မြစ်ကြီးနားမြို့၊ ဗန်းမော်မြို့၊ ရွှေကူမြို့၊ ကသာမြို့၊ သပိတ်ကျင်းမြို့၊ မန္တလေးမြို့၊ စစ်ကိုင်းမြို့မြင်းမူမြို့၊ ပခုက္ကူမြို့နှင့် ညောင်ဦးမြို့တို့တွင် ၁၂ ပေမှ ၁၅ ပေခန့်၊ ချောက်မြို့၊ မင်းဘူးမြို့၊ မကွေးမြို့၊ အောင်လံမြို့၊ ပြည်မြို့၊ ဆိပ်သာမြို့၊ ဟင်္သာတ မြို့နှင့် ဇလွန်မြို့တို့တွင် ၇ ပေမှ ၁၁ ပေခန့် လက်ရှိရေမှတ်များအထက် မြင့်တက်လာနိုင်ပါသည်။

 

ချင်းတွင်းမြစ်ရေသည် ခန္တီးမြို့ဟုမ္မလင်းမြို့ ဖောင်းပြင်မြို့၊ မော်လိုက်မြို့၊ ကလေးဝမြို့၊ မင်းကင်းမြို့၊ ကနီမြို့နှင့် မုံရွာမြို့တို့တွင် ၁၀ ပေမှ ၁ ပေခန့် လက်ရှိရေမှတ်များအထက် မြင့်တက် လာနိုင်ပါသည်။

 

မြစ်သာမြစ်ရေသည် ကလေးမြို့တွင် ပေခန့်ဒုဋ္ဌဝတီမြစ်ရေသည် သီပေါမြို့တွင် ၂ ပေခန့်၊ ရွှေစာရံနှင့် မြစ်ငယ်မြို့တို့တွင် ၆ ပေမှ ၈ ပေခန့်၊  စစ်တောင်းမြစ်ရေသည် တောင်ငူမြို့နှင့် မဒေါက် မြို့တို့တွင် ၃ ပေခွဲမှ ၅ ပေခန့်၊ ရွှေကျင်မြစ်ရေသည် ရွှေကျင်မြို့တွင် ပေခန့်၊ ပဲခူးမြစ်ရေသည် ဇောင်းတူ မြို့နှင့် ပဲခူးမြို့တို့တွင် ၄ ပေမှ ၇ ပေခန့်၊ သံလွင်မြစ်ရေသည် ဘားအံမြို့တွင် ပေခန့်၊ သောင်ရင်း မြစ်ရေသည် မြဝတီမြို့တွင် ပေခန့်ငဝန်မြစ်ရေသည် ငါးသိုင်းချောင်းမြို့နှင့် သာပေါင်းမြို့တို့တွင် ၇ ပေမှ ၈ ပေခန့်၊ ပုသိမ်မြို့တွင် ၃ ပေခန့်၊ တိုးမြစ်ရေသည် မအူပင်မြို့တွင် ၄ ပေခန့်နှင့် ဘီးလင်းမြစ်ရေသည် ဘီးလင်းမြို့တွင်ပေခန့် လက်ရှိရေမှတ်များအထက် မြင့်တက်လာနိုင်ပါသည်။