၁၀ရက်ပတ် ဇလဗေဒခန့်မှန်းချက်

၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ဒုတိယ(၁၀)ရက်ပတ်အတွက် မြစ်ရေအ‌ခြေအနေခန့်မှန်းချက်

(၁၁-၈-၂၀၂၆ ရက်နေ့ ထုတ်ပြန်သည်)

 

ဧရာ၀တီမြစ်ရေသည် မြစ်ကြီးနားမြို့၊ ဗန်းမော်မြို့၊ ရွှေကူမြို့နှင့် ကသာမြို့တို့တွင် ၂ ပေမှ ၃ ပေခွဲခန့်၊ သပိတ်ကျင်းမြို့၊ မန္တလေးမြို့၊ စစ်ကိုင်းမြို့၊ မြင်းမူမြို့၊ ပခုက္ကူမြို့နှင့် ညောင်ဦးမြို့တို့တွင် ၁ ပေမှ ၂ ပေခန့်နှင့် ချောက်မြို့၊ မင်းဘူးမြို့၊ မကွေးမြို့၊ အောင်လံမြို့၊ ပြည်မြို့၊ ဆိပ်သာမြို့၊ ဟင်္သာတမြို့ နှင့် ဇလွန်မြို့တို့တွင် ၂ ပေခွဲမှ  ပေခွဲခန့် လက်ရှိရေမှတ်များအထက် မြင့်တက်လာနိုင်ပါသည်။

ချင်းတွင်းမြစ်ရေသည် ခန္တီးမြို့၊ ဟုမ္မလင်းမြို့၊ ဖောင်းပြင်မြို့နှင့်  မော်လိုက်မြို့တို့တွင် ၁ ပေမှ ၃ ပေခန့် လက်ရှိရေမှတ်များအထက် မြင့်တက်လာနိုင်ပြီး ကလေး၀မြို့၊ မင်းကင်းမြို့၊ ကနီမြို့နှင့် မုံရွာမြို့ တို့တွင် ၁ ပေမှ ၂ ပေခန့် လက်ရှိရေမှတ်များအောက် ကျဆင်းလာနိုင်ပါသည်။

 ဒုဋ္ဌဝတီမြစ်ရေသည် သီပေါမြို့တွင် ၂ ပေခန့်၊  ရွှေစာရံနှင့် မြစ်ငယ်မြို့တို့တွင် ပေဝက်မှ ၁ ပေခန့်၊စစ်တောင်းမြစ်ရေသည် တောင်ငူမြို့တွင် ၂ ပေခန့်နှင့် မဒေါက်မြို့တွင် ပေဝက်ခန့်၊ ရွှေကျင်မြစ်ရေသည် ရွှေကျင်မြို့တွင် ပေခန့်၊ ပဲခူးမြစ်ရေသည် ဇောင်းတူမြို့တွင် ၁ ပေခန့်နှင့်  ပဲခူးမြို့တွင် ၄ ပေခန့်၊ သံလွင်မြစ်ရေသည် ဘားအံမြို့တွင် ပေဝက်ခန့်၊ သောင်ရင်းမြစ်ရေသည် မြဝတီမြို့တွင် ၂ ပေခန့်၊ ငဝန်မြစ်ရေသည် ငါးသိုင်းချောင်းမြို့တွင် ၃ ပေခွဲခန့်၊ သာပေါင်းမြို့နှင့် ပုသိမ်မြို့တို့တွင်  ၁ ပေခန့်စီ၊  တိုးမြစ်ရေသည် မအူပင်မြို့တွင် ၁ ပေခွဲခန့်နှင့် ဘီးလင်းမြစ်ရေသည် ဘီးလင်းမြို့တွင် ၂ ပေခန့် လက်ရှိ ရေမှတ်များအထက် မြင့်တက်လာနိုင်ပြီး  မြစ်သာမြစ်ရေသည် ကလေးမြို့တွင် ၁ ပေခန့်  လက်ရှိရေမှတ်များအောက် ကျဆင်းလာနိုင်ပါသည်။