ဆောင်းရာသီကာလ(၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလမှ ၂၀၂၇ ခုနှစ်၊ ဖေဖော်ဝါရီလအထိ)အတွက် ယေဘုယျ မြစ်ရေအခြေအနေခန့်မှန်းချက်
ဆောင်းရာသီကာလ(၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလမှ ၂၀၂၇ ခုနှစ်၊ ဖေဖော်ဝါရီလအထိ)အတွက်
ယေဘုယျ မြစ်ရေအခြေအနေခန့်မှန်းချက်
(၂၈-၁၀-၂၀၂၆ ရက်နေ့ ထုတ်ပြန်သည်)
ဧရာဝတီမြစ်ရေသည် မြစ်ကြီးနားမြို့၊ဗန်းမော်မြို့၊ရွှေကူမြို့၊ ကသာမြို့၊ သပိတ်ကျင်းမြို့၊ မန္တလေးမြို့၊ စစ်ကိုင်းမြို့နှင့် မြင်းမူမြို့တို့တွင် ၅ ပေမှ ၇ ပေခွဲခန့်၊ ပခုက္ကူမြို့၊ ညောင်ဦးမြို့၊ ချောက် မြို့၊ မင်းဘူးမြို့၊ မကွေးမြို့၊ အောင်လံမြို့၊ ပြည်မြို့၊ ဆိပ်သာမြို့၊ ဟင်္သာတမြို့နှင့် ဇလွန်မြို့တို့တွင် ၁၂ ပေမှ ၁၅ ပေခန့် လက်ရှိရေမှတ်များအောက် ကျဆင်းလာနိုင်ပါသည်။
ချင်းတွင်းမြစ်ရေသည် ခန္တီးမြို့၊ ဟုမ္မလင်းမြို့နှင့် ဖောင်းပြင်မြို့တို့တွင် ၅ ပေမှ ၈ ပေခန့်၊ မော်လိုက်မြို့၊ ကလေးဝမြို့၊ မင်းကင်းမြို့၊ ကနီမြို့နှင့် မုံရွာမြို့တို့တွင် ၉ ပေမှ ၁၁ ပေခန့် လက်ရှိ ရေမှတ်များအောက် ကျဆင်းလာနိုင်ပါသည်။
ဒုဋ္ဌဝတီမြစ်ရေသည် သီပေါမြို့တွင် ၁ ပေခွဲခန့်၊ ရွှေစာရံနှင့် မြစ်ငယ်မြို့တို့တွင် ၈ ပေမှ ၉ ပေ ခန့်၊ မြစ်သာမြစ်ရေသည် ကလေးမြို့တွင် ၆ ပေခန့်၊ သံလွင်မြစ်ရေသည် ဘားအံမြို့တွင် ၇ ပေခန့်၊ စစ်တောင်းမြစ်ရေသည် တောင်ငူမြို့နှင့် မဒေါက်မြို့တို့တွင် ၆ ပေမှ ၉ ပေခန့်၊ ရွှေကျင်မြစ်ရေသည် ရွှေကျင်မြို့တွင် ၄ ပေခွဲခန့်၊ ပဲခူးမြစ်ရေသည် ဇောင်းတူမြို့နှင့် ပဲခူးမြို့တို့တွင် ၃ ပေခွဲမှ ၄ ပေခန့်၊ ငဝန်မြစ်ရေသည် ငါးသိုင်းချောင်းမြို့တွင် ၈ ပေခန့်၊ သာပေါင်းမြို့နှင့် ပုသိမ်မြို့တို့တွင် ၂ ပေခွဲမှ ၃ ပေခွဲ ခန့်၊ တိုးမြစ်ရေသည် မအူပင်မြို့တွင် ၄ ပေခွဲခန့်၊ ဘီးလင်းမြစ်ရေသည် ဘီးလင်းမြို့တွင် ၃ ပေခွဲခန့် နှင့် သောင်ရင်းမြစ်ရေသည် မြဝတီမြို့တွင် ၄ ပေခန့် လက်ရှိရေမှတ်များအောက် ကျဆင်းလာနိုင်ပါသည်။













